အခန်း(၂၃၇)

81 14 0
                                    

အခန်း(၂၃၇)

ဖြေဆေး။





ရှင်လုပ်လို့မရဘူး။

Han Yunxi  ၏ တားဆီးမှုမှာ ကျယ်လောင်လွန်းလှသဖြင့် အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်သွားတော့သည်။ ထိုကဲ့သို့ နူးညံ့သော မိန်းကလေးတစ်ယောက်မှာ ဤကဲ့သို့ သတ္တိ ရှိမည်ဟု မည်သူမှ မထင်ထားပေ။

“Han Yunxi  နင်က သတ္တိရှိနေတယ်ပေါ့။ နင်က ဘယ်သူ့ကို စကားပြောနေတာလဲဆိုတာ သိရဲ့လား။" သခင်မ Lianxin  မှာ ပထမဆုံးသတိဝင်လာပြီး ဒေါသတကြီးပြောလိုက်သည်။

တတိယအကြီးအမှူးမှာ မည်မျှပင် ထိန်းသိမ်းနိုင်စွမ်းကောင်းမွန်သူဖြစ်စေ ဤကဲ့သို့ ရန်စမှုအား သည်းမခံနိုင်ပေ။ ဆေးပညာသင်တန်းကျောင်း ကျောင်းအုပ်သာ သူ့အား ထိုကဲ့သို့ လေသံမျိုးဖြင့် ပြောဝံ့လေသည်။  ဒီHan Yunxi က တကယ်ကို ခွင့်လွှတ်လို့ မရဘူး။

“ချင်ဝမ်ဖေး ဒီအဘိုးကြီးက ချင်ဝမ်ကို မျက်နှာပေးတဲ့ အနေနဲ့ မင်းနဲ့ အငြင်းအခုန် မလုပ်တာ..  မင်းက တစ်လက်မ ရပြီးရင် တစ်ကိုက်လောက် လိုချင်မလာနဲ့။"

ဆိုတော့ Long Feiye အတွက်လည်း ဘိုးဘေးကောင်စီက မျက်နှာသာပေးရတယ်ပေါ့။ သေချာစွာပင် ယခုအချိန်၌ Han Yunxi မှာ ထိုအရာအား အနည်းငယ်ပင် အာရုံမရှိပေ။ သူမ၏ အဓိကရည်ရွယ်ချက်မှာ လူနာနှင့် တွေ့ကာ မြန်နိုင်သမျှ မြန်မြန် ကယ်ရန်ဖြစ်သည်။ တကယ်လို့ ခြေလှမ်း ၁၀,၀၀၀ လောက်ပြန်ဆုတ်ပြီး လူကယ်ဖို့ ဘေးဖယ်ထားရင်အောင် သူမရဲ့ ဂုဏ်သိက္ခာနဲ့ စကားပြောဆိုပိုင်ခွင့်အတွက် လုပ်ဆောင်ရဦးမှာပဲ။ ဒီကမ္ဘာပေါ်မှာ မင်းက ဘယ်ကိုပဲ သွားသည်ဖြစ်စေ မင်းရဲ့ စကား၊ အတွေး နဲ့ ဆုံးဖြတ်ချက်ကို မှတ်သားထားစေပြီး လက်ခံစေချင်ရင် ကျယ်ကျယ်ပြောဆိုတာထက် အပြုအမူကိုပဲ အသုံးချနိုင်မယ်။ သူတို့ကို စကားပြောရုံနဲ့ နားချနိုင်မှာ မဟုတ်ဘူး။

Han Yunxi မှာ မေးစေ့အား မြှင့်လိုက်ကာ တတိယအကြီးအမှူးအား အေးစက်စွာ ကြည့်လိုက်သည်။ “ တတိယအကြီးအမှူး ရှင်က Tianning အိမ်ရှေ့စံရဲ့ လက်ကောက်ဝတ်အရိုးကို စမ်းသပ်ရမှာ ကြောက်နေတာလား။ ရှင်က တကယ်ပဲ မှားသွားမှာ ကြောက်နေတာလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now