အခန်း(၃၄၁)

68 14 0
                                    

အခန်း(၃၄၁)

ဆေးယပ်တောင်၏ အမှန်တရား။






ဝန်လေးလွန်းတယ်…

မယ်တော်ကြီးမှာ ဆေးယပ်တောင်အား စိုက်ကြည့်နေပြီး နှလုံးသားမှာ တောင့်တင်းလာကာ မျက်လုံးများမှာလည်း နီမြန်းလာသည်။ သူမက ၎င်းနှင့် မခွဲနိုင်ပေ။ မကြာခင် သူမ၏ လက်ကောက်ဝတ်မှာလည်း စတင် ယားယံလာသည်။ တော်ဝင်သမားတော် Huang  ၏ အကြံပေးချက်အား သတိရလျှင် သူမ၏ နှလုံးနာမှုအား ထိန်းချုပ်ထားရတော့သည်။ “တစ်ယောက်ယောက်လာ… ဒါကို ယူသွားလိုက်...” ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

“တစ်ယောက်ယောက်လာ .. ဒီဆေးယပ်တောင်ကို ယူပြီး ဗီရိုထဲမှာ သော့ခတ်ထားလိုက်..”

ညကန့်လန့်ကာမှာ တင်းကျပ်စွာ ပိတ်ထားသော ဗီရိုအား စိုက်ကြည့်နေသော ပင်ပန်းနွမ်းနယ်နေသည့် မယ်တော်ကြီးအား လျင်မြန်စွာ လွှမ်းခြုံလာသည်။ ၎င်းမှာ သူမ၏ နှလုံးသားအား ဓါးဖြင့် လှီးဖြင့်နေသကဲ့သို့ ခါးသီးကာ နာကျင်ရလေသည်။ ညမိုးချုပ်သည်နှင့် သူမဘဝ၏ အဆုံးမသတ်နိုင်သော အိပ်မက်ဆိုးကြီးမှာ တစ်ဘဝလုံးရောက်ရှိလာတော့သည်။

နောက်ကျလာလျှင် တော်ဝင်သမားတော် Huang  မှာ ချင်ဝမ်အိမ်တော်သို့ လျှို့ဝှက်စွာ ရောက်လာသည်။  Han Yunxi မှာ ​သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေနန်းဆောင်မှ အဖြစ်အပျက်များအား ကြားလျှင် ကျယ်လောင်စွာ ရယ်မောတော့သည်။ Zhao မားမားနှင့် Chu Xifeng မှာလည်း ဝမ်းသာနေသည်။

သဘာဝကျစွာပင် တော်ဝင်သမားတော် Huang ၏ စကားများမှာ Han Yunxi ၏ လမ်းညွှန်ချက်များပင်။ သူမက နန်းတော်သို့ ပထမဆုံးအကြိမ် သွားရောက်စဉ်တွင် မယ်တော်ကြီးအား ပုစဉ်းရင်ကွဲနံ့သာဟု ခေါ်သော အဆိပ်ဖြင့် အဆိပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဆေးယပ်တောင်ပေါ်တွင် ထိုးထားသော ဆေးဝါးများအားသာ တုံ့ပြန်သော အဆိပ်တစ်မျိုးဖြစ်သည်။ ၎င်းမှာ နေ့အချိန်တွင် အဆိပ်အာနိသင် အလွန်နည်းပါးသော်လည်း ညရောက်သည်နှင့် ဦးရေပြား ပေါ်တွင် တုံ့ပြန်လာသည်။ ထို့နောက် သည်းမခံနိုင်တော့ ယားယံလာမည် ဖြစ်သည်။

ပုစဉ်းရင်ကွဲနံ့သာမှာ တွေ့ရခဲသော အဆိပ်မျိုးဖြစ်ပြီး ဆေးယပ်တောင်မှာ တွေ့ရခဲသော ဆေးဝါးဖြစ်သည်။ လူအနည်းငယ်သာ နှစ်မျိုးလုံးအား နားလည်ထားပြီး ပေါင်းစပ် တုံ့ပြန်မှုဆိုလျှင် ပြောစရာမလိုတော့ပေ။ မယ်တော်ကြီးမှာ ပြသနာရှိလာလျှင် သူမနှင့် အဆိပ်အား သံသယရှိလာမည်မှန်း Han Yunxi မှာ သိနေသော်လည်း ထိုအမျိုးသမီးကြီး၏ အဆိပ်သခင်များမှာ သူမ၏ အဆိပ်အား ထောက်ပြနိုင်မည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိလေသည်။ အကယ်၍ မယ်တော်ကြီးမှာ သူမ၏ ပြသနာအား အဆိပ်သမားတော်များနှင့် မဖြေရှင်းနိုင်လျှင် တော်ဝင်သမားတော်ခြံဝန်းသို့ အကူအညီအတွက် ပြန်လှည့်လာ​ရပေမည်။ Gu Beiyue အပြင် အခြား စွမ်းရည်အကောင်းဆုံး သမားတော်မှာ တော်ဝင်သမားတော် Huang ပင်။ သဘာဝကျစွာပင် Han Yunxi မှာ သူ့အား အရင်တွေ့ကာ ဘာလုပ်ရမည်အား ပြောထားလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Donde viven las historias. Descúbrelo ahora