အခန်း(၃၀၅)

84 21 2
                                    

အခန်း(၃၀၅)

စင်မြင့်ပေါ်မှ အမျိုးသမီးသုံးဦး။





ဒုတိယထပ်ရှိ ဧည့်သည့်များအားလုံးမှာ ထွက်သွားကြပြီး သူတို့၏ စားပွဲနှင့် ထိုင်ခုံများမှာ လဲကျနေသည်။ Mu Linger မှာ ခရမ်းရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး  လက်တစ်ဖက်တွင် ဓါးကိုင်ကာ ထိုင်ခုံပေါ်တွင် ရပ်နေသည်။ သူမ၏ မျက်ခုံးမှာ ဒေါသကြောင့် တွန့်ကျိုးနေပြီး ဒေါသထွက်နေသည့် မျက်နှာတွင် ဇာမဏီမျက်ဝန်းများမှာ လူသတ်ရိပ်များဖြင့် စိုက်ကြည့်နေသည်။

Chu Qingge မှာ စားပွဲတွင် ထိုင်နေပြီး ဆွတ်ဆွတ်ဖြူနေသော ဝတ်စုံအား ဝတ်ဆင်ထားကာ တစ်ဖက်မိန်းကလေးအား မထိမဲ့မြင်ဖြင့် ကြည့်နေသည်။ သူမက ကိုယ်ပိုင်ရနံ့ဖြင့် မြတ်နိုးဖွယ်ကောင်းသော သီးသန့်ဆန်သည့် ပန်းတစ်ပွင့်ကဲ့သို့ပင်။

“အခုချက်ချင်း တောင်းပန်…” Mu Linger မှာ ထပ်မံ ပြောလိုက်သည်။

Chu Qingge မှာ အေးစက်စွာ နှာခေါင်းရှုံလိုက်ပြီး ထောင့်တွင် ကွေးနေသော သူတောင်းစားမိန်းကလေးအား ကြည့်လိုက်သည်။ “အဲဒီကောင်မလေးကို အရင်တောင်းပန်ဖို့ ငါ့ကို ပြောလိုက်..”

ထောင့်တွင်ရှိနေသည့် သူတောင်းစားမိန်းကလေးမှာ ခုနစ်နှစ် ရှစ်နှစ်သာ ရှိပြီး ဆံပင်များမှ ရှုပ်ပွနေကာ မျက်နှာမှာလည်း ညစ်ပေနေသည်။ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး မျက်နှာတွင် အနီရောင် လက်ဝါးရာ ရှိနေကာ ထိတ်လန့်ဖွယ်မြင်ကွင်းဖြစ်နေသည်။ သူမက Mu Linger နှင့် Chu Qingge အား ကြည့်နေပြီး ပြူးကျယ်သော မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နေကာ တုန်ရင်နေသည်။ အကြောင်းမှာ သူမက တောင်းရမ်းနေစဉ်တွင် Chu Qingge ၏ အဝတ်အား မတော်တဆထိမိသွားသောကြောင့် မျက်နှာအား ပြင်းထန်စွာရိုက်ခံရကာ ထောင့်စွန်းသို့ လှိမ့်သွားရသည်။ ထိုအချိန်တွင် ခရမ်းရောင်ဝတ်စုံနှင့် အစ်မကြီးမှာ တစ်ဖက်ရှိ စားပွဲတွင် ထိုင်နေသည်။ ထိုအစ်မကြီးမှာ ချက်ချင်းပင် ထရပ်လိုက်ကာ အဖြူဝတ်အမျိုးသမီး၏ ထိုင်ခုံအား ကန်ကာ ကျိန်ဆဲတော့သည်။

“နင်က တကယ်ပဲ ကလေးတစ်ယောက်ကို ရိုက်ဝံ့တယ်။ အဆိပ်ပြင်းတဲ့ မိန်းမ..”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Donde viven las historias. Descúbrelo ahora