အခန်း(၂၇၂)

91 15 0
                                    

အခန်း(၂၇၂)

Gu Qishao အား စိတ်ပျက်စေသည့်အရာ။





ကောင်းကင်တွင်းနက်တွင် အသားစားကြွက်များ ပျံ့ကျဲသွားသည်နှင့် Gu Qishao မှာ Mu Linger အား အတွေးနောက်တွင်ထားကာ အလျင်စလို ထွက်လာခဲ့သည်။ သူက တောင်တန်းတစ်ခုလုံးတွင် Han Yunxi အား ရှာမတွေ့သော်လည်း ဤအဖြူဝတ်အမျိုးသားမှ ဆေးပညာသင်တန်းကျောင်းမှ ထွက်လာသည်အား တွေ့လိုက်ရသည်။ သဘာဝကျစွာပင် သူက ထိုသူအား လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပဲ ယမန့်နေ့ညတည်းက ထိုသူနောက် လိုက်လံနေခြင်းဖြစ်သည်။ Xi Yubo အား ဖုံးကွယ်ထားရန်အတွက် အဖြူဝတ်အမျိုးသားမှာ Gu Qishao အား လိုက်မှီခွင့် နောက်တစ်ကြိမ် ပေးလိုက်သည်။

“ဒဏ်ရာ ပြင်းထန်တယ်. . မင်းမှာ အဆိပ်သားရဲ ရှိနေတာလား။" Gu Qishao မှာ မျက်ခုံးကျုံ့ကာ မေးခွန်းထုတ်လိုက်သည်။ သူက Han Yunxi ၏ လက်ရှိအခြေအနေအား မသိထားပဲ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဆုတ်နေသော မျက်နှာနှင့် ဤသွေးပေနေသည့် အမျိုးသားကိုသာ တွေ့လိုက်ရသည်။ သူက ဒဏ်ရာအပြင်းအထန် ရထားကြောင်း ထင်ရှားသည်။ ထို့အပြင် သူက အနက်ရောင်ရွှေတံခါးမှ ပွင့်သွားသည်နှင့် ပျောက်သွားခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် အဆိပ်သားရဲမှာ သူနှင့် ပတ်သက်နေသလား။

“တကယ်လို့ ကျွန်တော့်မှာသာ ရှိနေရင် မင်းက အသက်ရှင်နေပါဦးမလား။” အဖြူဝတ်အမျိုးသားမှာ ပြုံးလိုက်သည်။ သူ၏ ရှိရင်းစွဲ သိမ်မွေ့သော သဘာဝမှာ Gu Qishao မှ မှီလာသည်အားပင် စိတ်လှုပ်ရှားဟန် မပြချေ။

“ဒါဆို မင်းဘယ်လို ဒဏ်ရာရထားတာလဲ။" Gu Qishao မှာ အလွန်အမင်း သိချင်နေသည်။ အရိပ်မျိုးနွယ်စုဝင်တစ်ယောက်အား မည်သူမဆို ဒဏ်ရာရစေနိုင်မည်မဟုတ်ပေ။ သူနှင့် Long Feiye နှစ်ယောက်စလုံးမှာ ကြိုးစားခဲ့ပြီ ဖြစ်ပြီး ဒဏ်ရာရထားသည့် Jun Yixie မှာ မဖြစ်နိုင်ပေ။

“မင်းနဲ့ ကျွန်တော်တို့ ကြားထဲမှာ ဘာရန်ငြိုးမှ မရှိဘူး။ ဘာလို့ ကျွန်တော့်နောက် လိုက်နေတာလဲ။" အဖြူဝတ်အမျိုးသားမှာ ညင်သာစွာ မေးမြန်းလိုက်သည်။

Gu Qishao မှာ ထိုစကားများကြောင့် အေးစက်စွာ ရယ်မောလိုက်သည်။ “ဟီးဟီးဟီး ငါတို့က ရန်ငြိုးမရှိဘူးလို့ ဘယ်သူပြောလဲ။" အကယ်၍ သူက မြေပုံအတုအား မယူဆောင်မိခဲ့လျှင် သူနှင့် Mu Linger မှာ မြွေဟောက်တွင်းထဲသို့ ကျသွားမည့်အစား မြေအောက်လျှို့ဝှက်ခန်းသို့ အချိန်ကြာမြင့်စွာကပင် ရောက်နေနိုင်သည်။ သူက အဆိပ်များနှင့် မြွေကိုက်ခံရမှုမှ မည်သည့်သက်ရောက်မှုမှ မရှိသော်လည်း Mu Linger မှ ရှိနေသဖြင့် ဟန်ဆောင်နေရပြန်သည်။ “ မင်းက ကောင်းကင်တွင်းနက် မြေပုံကို ခိုးသွားတာလား။" သူက အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now