အခန်း(၂၅၉)

89 17 0
                                    

အခန်း(၂၅၉)

ကျုပ်သေမှ ရမယ်။






ကျောက်တံခါးတွင် ဝိုင်းရံနေကြသည့် အသားစားကြွက်များမှာ မည့်သည့်အချိန်ရောက်မှ ထွက်သွားကြမှန်း မရှင်းလင်းသော်လည်း Jun Yixie နောက်လိုက်သွားခြင်း မရှိပေ။ သို့ဖြစ်၍ သူက Han Yunxi အား ရင်ခွင်ထဲတွင်ထည့်ကာ ထွက်ပြေးသွားတော့သည်။ သူက ကောင်းကင်တွင်းနက်မရဏထောင်ချောက်အား ဖွင့်လိုက်သောသူ ဖြစ်သောကြောင့် အဆိပ်သားရဲ၏ နေရာသို့ တည်မတ်စွာ ရောက်ရှိလာပြီး သူ၏ အပြန်လမ်းမှာ ကျောက်တုံးများပိတ်နေခြင်း မရှိပေ။ သူက လမ်းကြောင်းအတိုင်း ပြန်ဆုတ်သွားပြီး ထုံးကျောက်လိုဏ်ဂူမှ လျင်မြန်စွာ ပျံသန်းလာပြီး အဝင်ပေါက်သို့ ရောက်လာသည်။

မြေပုံပျောက်ဆုံးကာ ကောင်းကင်တွင်းနက်မရဏထောင်ချောက်၏အသက်ဝင်လာမှုကြောင့် ဆေးပညာသင်တန်းကျောင်း၏ အစောင့်အကြပ်များမှာ ကောင်းကင်တွင်းနက်၏ ဝင်ပေါက်တွင် ထူထပ်စွာ ဝိုင်းရံထားကြသည်။ သူတို့၏ မျက်စိမှ အလွယ်တကူ လွတ်မြောက်ကာ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ သို့တိုင် Jun Yixie မှာ ထိုအစောင့်များအား ထိုးဖောက်ထွက်လာနိုင်သည့် စွမ်းရည် အလုံအလောက် ရှိသူဖြစ်သည်။ လက်တစ်ဖက်မှ Han Yunxi အား တင်းကျပ်စွာ ပွေ့ပိုက်ထားရင်း အခြားလက်တစ်ဖက်ဖြင့် မျက်နှာဖုံးတပ်ဆင်လိုက်သည်။ သူက ထွက်ခွာရန် ပြင်လိုက်စဉ်တွင် တိတ်ဆိတ်နေသည့် Han Yunxi မှာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “Jun Yixie တကယ်လို့ ကျွန်မ ဘယ်သူလဲဆိုတာ ပေါ်သွားရင် အရှင့်သား Kang မြို့စားက အဆိပ်တစ်ရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတာ မြောက်ပိုင်းလီတစ်ခုလုံး သိသွားအောင် သေချာပေါက် လုပ်ပေးမယ်။"

ကောင်းကင်တွင်းနက်မှာ အစောင့်အကြပ်များဖြင့် ဝိုင်းရံနေပြီး Jun Yixie မှာ သူ၏ မျက်နှာအား ကာကွယ်လိုက်ရင်း Han Yunxi အတွက် မေ့လျော့နေသည်။ သူက Han Yunxi အား ပေါ့ပါးစွာ ကိုင်ထားသည်ဟု ထင်ရသော်လည်း ခွန်အားများစွာ ပါဝင်နေသည်။ သူမက ရုန်းကန်လိုက်သည်နှင့် သေချာပေါက် ကျောရိုးပင် ကျိုးသွားနိုင်သည်။ Han Yunxi မှ ရုန်းကန်ခြင်း မပြုသည်မှာ ထူးဆန်းနေခြင်း မဟုတ်ပဲ သူမ၏ ထက်မြက်လှသော လျှာမှ တိတ်ဆိတ်နေခြင်းမှာသာ မူမမှန်ခြင်း ဖြစ်သည်။ Jun Yixie မှာ တွက်ချက်မှုများ ပြုလုပ်ထားခဲ့ပြီး ဖြစ်သော်လည်း သူမ၏ ပထမဆုံးစကားလုံးမှာ သူ့အား ခြိမ်းခြောက်ခြင်း ဖြစ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။ သူက မထိန်းချုပ်နိုင်ပဲ အေးစက်စွာ ရယ်မောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now