အခန်း(၂၂၈)

86 16 0
                                    

အခန်း(၂၂၈)

ပုံမှန်မဟုတ်သော ပြန်ပေးဆွဲခြင်း။






“စီနီယာ Luo..” Han Yunxi မှာ စကားစရန် ပြင်လိုက်ပြီးမှ ပေါ့ပါးစွာ အသက်ရှူရင်း လက်လျော့လိုက်တော့သည်။ ထို့နောက် သူမက ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သည်။ ကိစ္စတွေက ဒီအဆင့်အထိရောက်လာပြီဆိုမှတော့ သူမက အဲ့ဒီလူအိုကြီးကို မေးခွန်းထုတ်နေလည်း အပိုပဲ။ တကယ်လို့ သူမက ကိစ္စအားလုံးကို သိချင်ရင် Gu Qishao ကိုပဲ မေးလိုက်သင့်တယ်။ သူက အတူလိုက်လာမလားဆိုတာ ဘယ်သူသိမှာလဲ။

Luo Zuishan မှာ Han Yunxi  အား တစ်ချိန်လုံး လေကဲ့သို့သာ သဘောထားနေသည်။ သူမက မေးခွန်းမေးရန် လမ်းတစ်ဝက်တွင် ရပ်လိုက်ချိန်တွင် သူက သိချင်စိတ်များဖြစ်လာပြီး သူမအား အနည်းငယ်ကြည့်လိုက်သည်။ Han Yunxi မှ ထပ်မံ စကားပြောလာလိမ့်မည်ဟု သူက ထင်မှတ်လိုက်သော်လည်း သူမက အမှန်တကယ်ပင် အပြင်ထွက်သွားလျှင် စိတ်ပျက်လက်ပျက်ဖြင့် ကျန်ခဲ့တော့သည်။ အချိန်ခဏကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်မလေး.. တကယ်လို့ မင်းက ပြောစရာရှိရင် ဘာလို့ မပြောတာလဲ။"

ထိုသည်အား ကြားလျှင် Han Yunxi  နှင့် Gu Beiyue အံ့အားသင့်သွားသည်။ ဆိုတော့ ဒီမောက်မာတဲ့ လူအိုကြီးက တစ်ရံတစ်ခါမှာ အစပြုလာတတ်သေးတယ်ပေါ့!!!

Han Yunxi  မှာ Gu Beiyue အား ပြုံးကာ ကြည့်လိုက်ရင်း လှည်းအတွင်းသို့ ပြန်ဝင်လိုက်ကာ ပွင့်လင်းစွာ ပြောလိုက်သည်။ “အိမ်ရှေ့စံရဲ့ရောဂါပါ။ ဒီဂျူနီယာက နားမလည်တဲ့အချက်တွေရှိလို့ စီနီယာနဲ့ ဆွေးနွေးချင်လို့ပါ။"

Luo Zuishan မှာ နှစ်ကြိမ်ပင် မတွေးပဲ ငြင်းပယ်လိုက်သည်။ “ ဆွေးနွေးပွဲအချိန်မရောက်ခင် အထိ ငါက ဘယ်သူနဲ့မှ ရောဂါအကြောင်း ဆွေးနွေးမှာ မဟုတ်ဘူး။ အဲ့တာ မင်းတို့ နှစ်ယောက်လည်း ပါတယ်။"

Han Yunxi  မှာ အမှန်ပင် သူမအား မျက်လုံးများအား လှိမ့်လိုက်ချင်တော့သည်။ ယခုအချိန်တွင် သူတို့က လှေတစ်စင်းတည်းပေါ်တွင် ရောက်နေသည်။ သူမက သူ့ရဲ့ လျှို့ဝှက်ချက်ကို Xi Yubo ကို ပြောလိုက်မှာ မလို့လား။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now