အခန်း(၂၇၄)

90 17 0
                                    

အခန်း(၂၇၄)

အသေးလေး၏ လျှို့ဝှက်ချက်။





Gu Beiyue မှာ အသေးလေးအား ကောင်းမွန်စွာ နားလည်ထားပုံရသည်။ အဆုံးတွင် သူက အကြီးအကဲ အဖိုးရှိသူဖြစ်၍ ဤကဲ့သို့ကိစ္စများအား နားလည်ထားသည်မှာ မထူးဆန်းတော့ပေ။

“ဘာလို့လဲ။" Han Yunxi မှာ စိတ်ဝင်စားသွားသည်။

Gu Beiyue မှာ ခြွင်းချက်မရှိသည့် သန့်စင်လှသော အပြုံးလေးဖြင့် “အဲ့တာလေးက အစားကြီးတယ်။ လေးစားရတဲ့ဝမ်ဖေးရဲ့ အိမ်အတွင်းအပြင် ကုန်အောင် စားလိမ့်မယ်။"

Han Yunxi မှာ သဘောကျသွားပြီးနောက် သူမ၏ ဆေးအိတ်လေးအား Gu Beiyue ထံ ဖွင့်ပြလိုက်သည်။ နှစ်ယောက်သားမှာ တိတ်ဆိတ်စွာ နားလည်လိုက်ကြပြီးနောက် သူတို့၏ ဒုက္ခများအား ဘေးဖယ်ကာ ပြုံးလိုက်ကြသည်။ Gu Beiyue မှာ ဆောင်းတွင်းနေကဲ့သို့  နွေးထွေးသော်လည်း ပူလောင်ခြင်း မရှိပေ။ သူက အမြဲတစေ မထင်မှတ်သော အချိန်တွင် ပေါ်လာပြီး Han Yunxi ၏ တိမ်များအား ဖယ်ရှားပေးသူ ဖြစ်သည်။ သူတို့က ပြုံးနေသော်လည်း သူက ရှင်းပြလာရာတွင်မူ အလေးအနက်ထားဆဲဖြစ်သည်။

“လေးစားရတဲ့ဝမ်ဖေး အဆိပ်သားရဲရဲ့ သွားက အဆိပ်ရှိပေမယ့် သူ့ရဲ့ သွေးက အဆိပ်ရာပေါင်းများစွာကို ကုသနိုင်တယ်။ အဲ့ဒီအချက်ကြောင့်ပဲ သူက အဆိပ်တွေကို ပြန်ပြီး ခြေဖျက်ရတယ်။ သဘောက သူက တစ်ယောက်ယောက်ကို ကိုက်လိုက်တာ ဒါမှမဟုတ် အသက်ကယ်ဖို့ သွေးပေးလိုက်ရင် မနားတမ်း ပြန်စားရဖို့လိုအပ်တယ်။ မဟုတ်ရင် သူက အသက်အန္တရယ်ရှိနိုင်တယ်။"

လူပေါင်းများစွာမှာ အဆိပ်သားရဲနောက် လိုက်နေကြသော်လည်း ထိုလျှို့ဝှက်ချက်အား လူအနည်းငယ်ကသာ သိထားသည်။ Han Yunxi မှာ အံ့အားသင့်သွားသည်။ သူမက အသေးလေးအား ကြည့်လိုက်လျှင် သူက Gu Beiyue ၏ လည်တိုင်နှင့် ပုခုံးကြားတွင် ဝပ်နေသည်အား တွေ့လိုက်ရသည်။ သူက သူမအား မျက်လုံးဖွင့်ကာ ကြည့်လိုက်ပြီး ဆာလောင်နေသေးသကဲ့သို့ ပါးစပ်အား လှုပ်ရှားလိုက်သည်။ အဲ့တာကြောင့်ကိုး….။ သူမက သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတာတောင် ဆက်ပြီးစားနေတာ မထူးဆန်းတော့ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now