အခန်း(၂၈၉)

79 15 0
                                    

အခန်း(၂၈၉)

အသေးလေး၏ ကြီးကျယ်သော လုပ်ဆောင်ချက်များ။






အသေးလေးမှာ အဝင်ဝသို့ တိုးတိတ်စွာ လမ်းလျှောက်သွားချိန်တွင် တစ်စုံတစ်ယောက်မှာ ရုတ်တရက် အော်လိုက်တော့သည်။ “ဒီမှာ ကြွက်ရှိနေတယ်… ကြွက်…”
ကံကောင်းထောက်မစွာဖြင့် အသေးလေးမှာ လူသားတို့၏ စကားအား နားမလည်ခဲ့ပေ။ မဟုတ်လျှင် သူက ရှေ့ဆက်တိုးသွားမည်ဖြစ်သည်။ အဆုံးတွင် သူက ကြွက်မဟုတ်ပေ။ သို့ဖြစ်၍ အသံကြောင့် အသေးလေးမှာ မော့ကြည့်လိုက်လျှင် ကြီးမားသော လူတစ်ယောက်မှာ ဖိနပ်ချွတ်ကာ သူ့အား ရိုက်ရန် ပြင်နေကြောင်း တွေ့လိုက်ရသည်။ အသေးလေးမှာ အလျင်အမြန် ရှောင်တိမ်းလိုက်လျှင် ထိုသူမှာ သူ့အား ပို၍ ရှင်းလင်းစွာ တွေ့သွားတော့သည်။

“အဲ့တာက ကြွက်မဟုတ်ဘူး။ ရှဥ့်ပဲ…”

သူ၏ နောက်တွင် အခြားသူတစ်ယောက်မှာ စတင်ကာ ဖိနပ်ချွတ်လိုက်သည်။ “ကြွက်ဖြစ်ဖြစ် ရှဥ့်ဖြစ်ဖြစ် အရေးမကြီးဘူး။ ငါတို့က ဘယ်လို အကောင်ကိုမှ အထဲဝင်ခွင့် ပေးလို့မရဘူး။"

အဆင့်အတန်းမြင့် ဆေးပစ္စည်းအသင်းနှင့် အခြားသာမာန် ဆေးဆိုင်များစွာမှာ အင်းဆက်နှင့် ကြွက်ကဲ့သို့ တိရိစ္ဆာန်နှစ်မျိုးအား သဘောမကျပေ။ ထိုတိရိစ္ဆာန်နှစ်မျိုးမှာ ဆေးပစ္စည်းများအား စားသုံးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ အကယ်၍ပစ္စည်းများမှာ တစ်ကိုယ်ရေသုံးသာဖြစ်လျှင် အစိတ်အပိုင်းများမှာ ပြန်လည် အသုံးပြုရန်ဖြစ်နိုင်သေးသည်။ သို့တိုင် ရောင်းချရန်ဖြစ်လျှင် ဖျက်ဆီးခံထားရသော ပစ္စည်းများအား တန်ဖိုးကျစေကာ ရောင်းချရန်မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ဆေးပစ္စည်းရောင်းချသော နေရာများမှာ ကြွက်နှင့် အင်းဆက်များအား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။

ပထမဆုံးအမျိုးသားမှာ အခြားသူများအား အော်ဟစ်ခွင့်ပေးထားပြီးနောက် နံရံထောင့်တွင် စိတ်ဓါတ်ကျစွာ ပုန်းနေသော အသေးလေးအား စိုက်ကြည့်နေသည်။ သူက ထိုသူအား ပြန်၍ စိုက်ကြည့်လိုက်သည်။

“ဒါက ရှဥ့်ဖြူလေးပဲ။ အဲ့တာလေးက သေးပေမယ့် ပေါက်စလေးနဲ့လည်း မတူဘူး။" ထိုအမျိုးသားမှာ အသေးလေးနှင့် အခြားရှဥ့်များ၏ ကွာခြားချက်အား ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Onde as histórias ganham vida. Descobre agora