အခန်း(၃၇၇)
ဆုလာဘ်။ ကျွန်မ ရှင့်ရဲ့ အရာအားလုံးကို လိုချင်တယ်။
“မိန်းကလေး Helian ဒါဆိုရင် ငွေချောင်း ၆၀,၀၀၀ က ကျုပ်တို့ရဲ့ ကန့်သတ်ချက်ပါပဲ။” မန်နေဂျာ Qian မှာ အကူအညီမဲ့စွာ ပြောလိုက်သည်။
Han Yunxi မှာ လိုရင်းအားသာ ပြောလိုက်သည်။ “ငွေချောင်း ၅၀,၀၀၀... တကယ်လို့ ရှင်က ရောင်းမှာ မဟုတ်ဘူးဆိုရင် မေ့လိုက်တော့။"
ငွေချောင်း ၅၀,၀၀၀… ကမ်းလှမ်းစရာ အများကြီးထဲကမှ!!! ဆိုင်ရှင် Lin နှင့် မန်နေဂျာ Qian တို့မှာ ကမ်းလှမ်းမှုအား ဆန့်ကျင်ရန် အင်အားမဲ့နေသည်။ ထိုမိန်းမက သူတို့ရဲ့ အနိမ့်ဆုံးသတ်မှတ်ချက်ကို တစ်ကြိမ်တည်းနဲ့ ကမ်းလှမ်းနိုင်အောင် ဘယ်လိုများ ထိုးထွင်းမြင်နိုင်နေတာလဲ။ တကယ်လို့ သူတို့က ငွေချောင်း ၅၀,၀၀၀နဲ့ မရောင်းချင်ရင်တောင် ရောင်းရတော့မယ်!!! မန်နေဂျာ Qian မှာ တော်ဝင်ဦးလေးမှ ဈေးနှုန်းအား သိသွားသည်နှင့် သူ့အား ဒေါသမထွက်စေရန်သာ မျှော်လင့်ထားရတော့သည်…
သို့ဖြင့် စပါး ၁၀၀,၀၀၀ ဒန်လျှင် ငွေချောင်း ၅၀,၀၀၀ ဖြင့် ဈေးတည့်သွားတော့သည်။ မန်နေဂျာ Qian မှာ တော်ဝင်ဦးလေး၏ ကြွေးမြီများအားလုံးကျေသွားစေရန် သိုလှောင်ရုံမှ စပါးများအားလုံး ထည့်ထားရသည်။
“ဆိုတော့ ရှင့်မှာ တကယ်ပဲ စပါး ၂,၀၀၀,၀၀၀ဒန်ထက် ပိုရှိနေတာပေါ့။" Han Yunxi ၏ လေသံမှာ ထေ့ငေါ့ဟန်များ ပြည့်နှက်နေသည်။ ကံမကောင်းစွာဖြင့် ဆိုင်ရှင် Lin နှင့် မန်နေဂျာ Qian တို့မှာ သူမ၏ ဖုံးကွယ်ထားသည့် ဆိုလိုရင်းအား သတိမထားမိပေ။ နှစ်ယောက်လုံးမှာ ငွေကြေးကိစ္စများတွင် နစ်မြှုပ်နေကာ မယုံကြည်နိုင်ပဲ မှင်သက်နေသည်။ အဆုံးတွင် မိန်းကလေးHelian မှာ သူတို့အား ငွေချောင်း ၁,၅၃၀,၀၀၀ ပေးချေရမည်။ သူမ၏ လက်ထဲတွင် ထိုမျှလောက် ငွေသားရှိမည်ဆိုခြင်းမှာ မသေချာပေ။ အကယ်၍ သူတို့က တစ်ရက်နောက်ကျသွားလျှင်ပင် အရာအားလုံးမှာ ပြီးဆုံးသွားပြီဖြစ်သည်။
အဆုံးတွင် သူတို့က လက်ငင်းငွေသားအား တောင်းဆိုခဲ့လျှင်တောင်မှ ပုံမှန်စီးပွားရေးကိစ္စများတွင် တစ်ရက် သို့မဟုတ် နှစ်ရက် နောက်ကျခြင်းမှာ နောက်ကျသည်ဟု ယူဆ၍ မရနိုင်ပေ။ ဆိုင်ရှင် Lin နှင့် မန်နေဂျာ Qian တို့မှာ ငွေချေမည့်ကိစ္စဖြင့် ပတ်သက်၍ နောက်ထပ် ဖြစ်ပေါ်လာမည့် ရုန်းကန်ရမည်များအား စိုးရိမ်ပူပန်နေကြစဉ် Han Yunxi မှာ ပြုံးကာ ပြောလိုက်သည်။ “ဆိုင်ရှင် Lin စည်းမျဉ်းအရဆိုရင် ပစ္စည်းနဲ့ ငွေသား တစ်ခါတည်း အလဲအလှယ်လုပ်ရမှာမလား။”