အခန်း(၂၃၃)

91 19 1
                                    

အခန်း(၂၃၃)

နေဦး။ ဒီည ရှင့်မှာ ဘာကိစ္စ ရှိနေလို့လဲ။




စားပွဲမှာ အစားကောင်းများ ပြည့်နေရုံမက အကောင်းစား ဝိုင်ပါရှိနေသည်။ မသိသူများဆိုလျှင် Long Feiye  မှာ သူ၏ အခန်းတွင်း၌ ဧည့်သည့်တစ်ယောက်အား ဧည့်ခံနေသည်ဟုပင် ထင်သွားနိုင်သည်။ Han Yunxi မှာ ဟင်းပွဲများအား မျက်လုံးဝှေ့ကြည့်လိုက်ပြီး အများစုမှာ သူမ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်လေသည်။ ၎င်းတို့၏ အရောင်အဆင်းနှင့် အနံ့မှာ ဆွဲဆောင်မှုရှိလှသော်လည်း အနည်းဆုံး ဟင်းပွဲ နှစ်ဆယ်လောက် ရှိနေသည်။ အဲ့တာက လူနှစ်ယောက်တည်း စားဖို့အတွက် များလွန်းတယ်မလား။

“တစ်ယောက်ယောက် လာဦးမှာလား။ Tang Li..”  သူမက သံသယများဖြင့် မေးလိုက်သည်။

“ဘယ်သူမှ မလာဘူး။" Long Feiye မှာ သူ၏ စကားလုံးများအား အလွန်ပင် တွန့်တိုလှသည်။ ကောင်းပြီ.. ဒီကောင်က ငယ်ငယ်တည်းက အဆင့်အတန်းမြင့်မြင့်နဲ့ သက်တောင့်သက်သာနေလာပြီး သူ့ရဲ့ အစားအသောက် အဝတ်အစား အကုန်လုံးက ပထမတန်းစားချည်းပဲ။ ဒါကြောင့် သူက အပြင်ထွက်ရင်တောင် အဆင့်အတန်းကို မနိမ့်ချနိုင်ဘူး။ Han Yunxi မှာ ထိုကိစ္စအား လျစ်လျူရှုကာ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်တော့သည်။

သူမက စိတ်တိုင်းကျစားနေလိုက်ရင်း တစ်ချိန်တည်းမှာပဲ သူ့အား မေးခွန်းထုတ်လိုက်သည်။ “ ရှင်က ဒီည ဘာကိစ္စ ရှိနေလို့လဲ။ ကြာမှာလား။"

Long Tianmo နှင့် သူမ၏ သတင်းမှာ မကြားရပဲ ရက်ပေါင်းများစွာ ကြာသွားပြီဖြစ်သည်။ Long Tianmo ၏ ကျန်းမာရေးမှာ ဂရုတစိုက်ရှိရန် လိုအပ်သဖြင့် Gu Beiyue မှာ စိုးရိမ်နေတော့မည်။ အဆုံးတွင် Gu Beiyue နှင့် သူမမှာ သူတို့၏ နာမည်ကောင်းများအတွက် ရှင်းလင်းရန် ခရီးထွက်လာခြင်းဖြစ်သည်။

Long Feiye မှာ မော့ကြည့်လိုက်ပြီး သူမ ပန်းကန်လုံးထဲမှ အသားဆီသို့ အကြည့်ရောက်သွားသည်။ သူက တစ်စုံတစ်ရာအား မပျော်မရွှင်ဖြစ်နေဟန် တူသော်လည်း ဖော်ပြခြင်း မရှိပဲ အင်္ကျီလက်အား ပြေပြစ်စွာမရင်း ဝိုင်ငှဲ့လိုက်သည်။ သူက ယနေ့ညတွင် အရေးကြီးကိစ္စရှိနေသည့် လူတစ်ယောက်နှင့် လုံးဝမတူညီပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now