အခန်း(၂၆၃)

85 18 0
                                    

အခန်း(၂၆၃)

ညသန်းခေါင်၊ ဘယ်သူရောက်လာလဲ။




ရှဥ့်လေးမှာ Han Yunxi ၏ မျက်လုံးများမှာ အပြုံးလေးအဖြစ်သို့ ကွေးသွားလျှင် စိတ်သက်သာရသွားပြီး အသက်ရှူထုတ်လိုက်သည်။ သခင်အသစ်က ပြုံးနေတယ်ဆိုတော့ သူမက သူ့ကို ခွင့်လွှတ်လိုက်တာပဲ ဖြစ်ရမယ်။ သူကလည်း ရှေ့သွားနှစ်ချောင်းအား ထုတ်ဖော်ကာ ပြုံးလိုက်သည်။ Han Yunxi မှာ သူ၏ သွားများအား ကြည့်ရင်း အဆိပ်သားရဲ၏ သွားမှာ လူတစ်ယောက်အား သေသည်အထိ အဆိပ်သင့်စေနိုင်သော်လည်း သွေးမှာ အဘယ်ကြောင့် အဆိပ်များစွာအား ကုသနိုင်သလဲဟု စဉ်းစားမိသည်။ ဘယ်လို ကွဲလွဲမှုတွေ ရှိနေတာလဲ။ သူ့ရဲ့ သွေးက အဆိပ်ကို ကုသပေးနိုင်ရင် သွေးက အဆိပ်သင့် မနေသင့်ဘူးမလား။ ဒီအသေးလေးက အဆိပ်မြွေဟောက်တွေလိုပဲ အဆိပ်ဂလင်းက သွားအောက်မှာ ဖုန်းကွယ်ထားတာလား။ အဲ့ဒီလိုနဲ့ ကိုက်ခဲလိုက်တဲ့ အချိန်မှာ အဆိပ်ထုတ်ပေးတာလား။ သူ့ရဲ့ အဆိပ်ရည်က ဘယ်လိုအဆိပ်အတောက်တွေကနေ ဖြစ်လာတာလဲ။

မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူမ၏ အဆိပ်ဖြေစနစ်တွင် မှတ်တမ်းတင်ထားခြင်း မရှိသောကြောင့် သူမက ၎င်း၏ တည်ရှိမှုအား မခံစားနိုင်ပေ။ ဤကဲ့သို့ ထူးခြားသည့် တိရိစ္ဆာန်မျိုးမှာ ခေတ်သစ်သမိုင်းတွင်ပင် မရှိခဲ့ပေ။ အင်း.. သူမက သူရဲ့ အဆိပ်ကို သုတေသနလုပ်နိုင်အောင် နည်းလမ်းရှာရမယ်။ သို့တိုင် ယခုအချိန်တွင် ထိုနွေးထွေးကာ အသက်ကယ်နိုင်မယ့် သူ့ရဲ့သွေးကို ရဖို့က အရေးကြီးတယ်။ Han Yunxi မှာ ပြုံးရွှင်နေပြီး ပုလင်းလေးတစ်လုံး ထုတ်လိုက်သည်။

ဟင်… ဆေးရည် သိုလှောင်တဲ့ ပုလင်းပဲ။ သူ့ရဲ့ သခင်အသစ်က စားကောင်းတာ တစ်ခုခုများ ပေးမလို့လား။

ရှဥ့်လေးမှာ နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ တိုးကပ်လာသော်လည်း အဆိပ်၏ အငွေ့အသက်အား အနည်းငယ်ပင် မရချေ။ သူက Han Yunxi ၏ ရှေ့တွင် ရပ်လိုက်ပြီး သူမအား ဝိုင်းစက်ကာ သိချင်စိတ် ပြင်းပြသော မျက်လုံးများဖြင့် ကြည့်နေသည်။ Han Yunxi မှာ အခြားလက်တစ်ဖက်ဖြင့် ဓါးလေးအား ထုတ်ယူလိုက်ပြီး ၎င်းမှာ တစ်ဖက်၏ အမြင်အာရုံအား စူးရှသွားသည်အထိ ချွန်မြနေသည်။ ရှဥ့်လေးမှာ တုန်ရင်သွားကာ ကြောက်လန့်တကြား ခုန်ချလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now