အခန်း(၃၇၀)

64 11 0
                                    

အခန်း(၃၇၀)

မှောင်ခိုဈေးအတွင်း ပထမဆုံးသော အဓိကရုဏ်း။







Wu Shu တွင် တောင်းဆိုထားသော စပါး၃၀,၀၀၀ ဒန် လက်ထဲတွင် ရှိနေသဖြင့် Han Yunxi မှာ အကြံအစည်အား အကောင်အထည်ဖော်ရန် သတ္တိရှိနေသည်။ အတိုချုပ် ဆွေးနွေးပြီးနောက် Wu Shu မှာ သူ၏ ဆိုင်နာမည်အား အသုံးပြုကာ ထိုနေ့ နေ့ခင်းတွင် ကြေငြာလိုက်သည်။ ကြေငြာချက်တွင် ထိုဈေးချရောင်းခြင်းဟု ခေါ်သည့် ဈေးရောင်းပွဲမှ ဈေးနှုန်းအားသာ ကြေငြာထားပြီး နည်းလမ်း မပါပေ။ ဤသို့သော အခြေအနေတွင် စပါး ၁၀,၀၀၀ ဒန်အတွက် ငွေချောင်း ၁၀,၀၀၀ ဆိုသည်မှာ မှောင်ခိုဈေး၏ အတွင်းနှင့် အပြင်တွင် အလွန် ချိုသာ ဈေးနှုန်းဖြစ်နေသည်။ ဈေးနှုန်းတစ်ခုသာ ကြေငြာထားခြင်းကပင် တစ်နာရီအတွင်း မှောင်ခိုဈေးကွက်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာစေသည်။ ရုတ်တရက် လူတိုင်းမှာ ရှေ့ရှိ အဖြစ်အပျက်အားသာ ပြောဆိုနေကြသည်။

မည်သို့ပင်ဖြစ်စေ စပါး ၁၀,၀၀၀ ဒန်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ Wu Shu မှာ တစ်စိတ်တပိုင်းလောက်သာ ရောင်းလျှင် အဆင်ပြေမည်ဟု ယူဆထားသော်လည်း Han Yunxi မှာ သူ့အား တစ်ကြိမ်တည်း ၁၀,၀၀၀ ဒန် လုံးထုတ်ခိုင်းလေသည်။ Wu Shu မှာ သူတို့က အချိန်မလောက်မည်အား စိုးရိမ်ကာ Long Feiye ထံ အရိပ်အမြွက်ပေးရန် ကြည့်လိုက်သည်။

သို့သော် Long Feiye မှ ပြောလိုက်သည်။ “ဝမ်ဖေး ပြောတဲ့အတိုင်း လုပ်လိုက်။"

ထို့နောက် Wu Shu မှာ လူအချို့အား စပါးကျီမှ စပါးထုတ်ယူရန် လွှတ်လိုက်သည်။ ကြံ့ခိုင်ကာ အရပ်အမောင်းကောင်းသော အလုပ်သမားများမှာ တစ်နေ့လည်လုံး သိုလှောင်ရုံအား ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များနေသည်။ အမျိုးသားတစ်ယောက်ပြီး တစ်ယောက်မှ ဆန်အိတ်များ ပုခုံးတွင် ထမ်းကာ စင်ပေါ်သို့ အထပ်လိုက် နေရာချနေသည့် မြင်ကွင်းအား စိတ်ကူးကြည့်နိုင်သည်။ အထူးလျော့ဈေးပေးခြင်း မစခင် အဖြစ်အပျက်များအား စစ်ဆေးရန် လူအုပ်ကြီးမှာ ဆိုင်ပတ်လည်တွင် စုရုံးလာကြသည်။ ညရောက်ချိန်နီးလာလေ လူအုပ်မှာ ပို၍ များပြားလာလေ ဖြစ်ကာ ပို၍ လှုပ်ရှားသက်ဝင်လာလေ ဖြစ်သည်။ လျော့ဈေးဖြင့် ရောင်းချရာတွင် ကန့်သတ်ချက် သို့မဟုတ် တားမြစ်ချက်များ ရှိမနေပေ။ တစ်နည်းဆိုရလျှင် လူတိုင်းမှာ သဘောရှိ ပါဝင်နိုင်သည်။ စတင်ချိန်ရောက်ခါနီးတွင် လူအုပ်မှာ လူပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မှောင်ခိုဈေးရှိ လူများ အားလုံးနီးပါးမှာ သတင်းကြားထားခဲ့ကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now