အခန်း(၃၆၉)
မှောင်ခိုဈေး။ ယွင်ရှီး၏ တောက်ပသော အကြံ။
အဘိုးအိုမှာ ခေါင်းမော့လာသည်နှင့် Han Yunxi မှာ ထိတ်လန့်သွားတော့သည်။ သူ၏ မျက်လုံးတစ်ဖက်မှာ အမြင်ကွယ်နေပြီး မျက်နှာတွင် အရေးကြောင်းများ ပြည့်နှက်နေသည်။ သူ၏ ကြမ်းတမ်းသော အမူအရာအား သူ့အား ပို၍ ကြမ်းကြုပ်စေသည်။
Long Feiye မှာ တိတ်ဆိတ်နေကာ စကားပြောမည့်အစား ထိုသူ၏ လက်ထဲသို့ ရွှေတုံးတစ်တုံး ထည့်ပေးလိုက်သည်။ အမြင်အာရုံတစ်ဖက် ကွယ်နေသော်လည်း အဘိုးအိုမှာ ရွှေအား ဖမ်းမိနိုင်သည်။ သူက ၎င်းအား စစ်မှန်ကြောင်း သေချာစေရန် ကိုက်ကြည့်လိုက်ပြီးနောက် အမူအရာမှာ တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားတော့သည်။ သူ၏ အသံမှာပင် နွေးထွေးလာသယောင် ရှိလေသည်။
“လူကြီးမင်း… ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။”
Han Yunxi မှာ ရွှေအား ကြည့်လိုက်ပြီးနောက် အရှင့်သားချင်ဝမ်အတွက် နာကျင်မှုအား ခံစားလိုက်ရတော့သည်။ သူက ဘယ်လောက်တောင် ချမ်းသာနေတာလဲ။ သူက ငွေကြေးနှင့် ပတ်သက်လာလျှင် ရက်ရောလှသည်။ သူ၏ စုဆောင်းထားသော ပိုင်ဆိုင်မှုများမှ လွဲ၍ သူက ဟိုဟိုဒီဒီတွင် မသင့်တော်သော အကျိုးအမြတ်များ မရှာဖွေသင့်ပေ။ အပြင်လူများမှာ သူ၏ ကြွယ်ဝမှု အတိုင်းအတာအား ခန့်မှန်းနိုင်ရန် မဖြစ်နိုင်ပေ။ သူမကပင် သူ့ထံ၌ အကန့်အသတ်မဲ့ ရွှေကတ်နှင့် တိုင်းပြည်တစ်ခုစာ တန်ကြေးရှိသော လက်ကောက် ရှိနေသည်အားသာ သိထားသည်။
သူက တစ်နေရာရာမှာများ ရတနာတူးနေတာလား။
အဘိုးအိုမှ အထဲသို့ လမ်းပြလာကာ သူတို့က ဖြည်းညင်းစွာ နိမ့်ဆင်းလာသည်။ မကြာခင်ပင် သက်ဝင်လှုပ်ရှားနေသည့် မြေအောက်ကမ္ဘာမှာ Han Yunxi ၏ မျက်လုံးများရှေ့ ရောက်လာသည်။ ဤနေရာမှာ ပကတိ မြေအောက် မြို့ဖြစ်သည်။ ၎င်း၏ တည်နေရာမှ လွဲ၍ မြေပေါ်ရှိ မြို့များနှင့် ကွာခြားခြင်း မရှိချေ။ ဈေးဆိုင်များနှင့် ခမ်းနားသော အဆောက်အအုံများ ပြည့်နေသည့် လမ်းများ ရှိနေသည်။ မြို့တစ်မြို့တွင်သာ ရရှိနိုင်သော အရာအားလုံး ရှိနေသည်။ အဆောက်အအုံများအား လင်းနေစေရန် လမ်းတစ်လျှောက်တွင် မီးအိမ်များ ထွန်းထားသည်။ သုံးလမ်းသွားမှောင်ခိုဈေး၏ သက်တမ်းရှည်ကြာမှုနှင့် မတူညီပဲ ကောင်းကင်နယ်ပယ်မှောင်ခိုဈေးမှာ ထျန်းနင်အား တည်ထောင်ပြီးချိန်မှ ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ၎င်းအား ထိန်းချုပ်ထားသော အင်အား အား မသိနိုင်ပေ။