အခန်း (၃၃၆)

71 16 0
                                    

အခန်း (၃၃၆)

ရှင်က စကားမပြောနိုင်တဲ့အထိ မေးမယ်။







မယ်တော်ကြီးမှာ Han Yunxi ၏ ပစ္စည်းကောင်းအား ရယူနိုင်ရန် စိတ်လှုပ်ရှားနေပြီး အားနည်းနေသော အသွင်အပြင်အား ဖယ်ရှားကာ လျင်မြန်စွာပင် တက်ကြွလာသည်။ သူမ၏ ကိုယ်ပေါ်တွင် ယားယံနေသည့် နေရာများစွာ ရှိသော်လည်း သူမက ကုတ်ခြစ်ခြင်း မပြုပဲ အံ့ကြိတ်ကာ အာရုံစိုက်ခြင်းလည်း မရှိပေ။

Han Yunxi မှာ သူမ၏ ပစ္စည်းအား မည်ကဲ့သို့ လွယ်ကူစွာ လက်လျော့ပါမည်နည်း။ သူမက ရင်ထဲတွင် အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ လေးစားရတဲ့မယ်တော်ကြီး ကျွန်မရဲ့ ပစ္စည်းက လက်လွယ်စပယ် အသုံးပြုလို့ မဖြစ်ပါဘူး။ ကျွန်မက မယ်တော်ကြီးရဲ့ ခန္ဓာကိုယ်ကို အရင်စစ်ဆေးရပါမယ်။"

“ငါက အိပ်မပျော်တာရဲ့ နှိပ်စက်တာကို နှစ်ပေါင်းမနဲ ခံလာရတာ…  ငါက မအိပ်နိုင်ရုံမက အခု ကိုက်ခဲ နေရပြန်ပြီ။" မယ်တော်ကြီးမှာ ညည်းညူရင်း Han Yunxi အား သွေးခုန်နှုန်းစမ်းနိုင်ရန် လက်ကောက်ဝတ်အား ပေးလိုက်သည်။

Han Yunxi မှာ ပေါ့ပါးစွာ သွေးခုန်နှုန်းစမ်းလိုက်သည်။ “လေးစားရတဲ့မယ်တော်ကြီးရဲ့ သွေးခုန်နှုန်းက ကြည့်ရင် ရက်တော်တော်များများ အပ်စိုက်ခံထားတယ်ထင်တယ်။"

တော်ဝင်သမားတော် Chen မှာ နန်းတော်သို့ သတင်းပို့ရန်  အခွင့်အရေးမရသောကြောင့် မယ်တော်ကြီးမှာ ချင်ဝမ်အိမ်တော်မှ အဖြစ်အပျက်အား မသိထားပေ။ သူမက Han Yunxi ၏ စွမ်းရည်အား တိတ်ဆိတ်စွာ သဘောကျသွားတော့သည်။ ဒီကောင်မလေးက အဆိပ်ကျွမ်းကျင်ရုံမကဘူး ဆေးပညာလည်း ကျွမ်းကျင်တာပဲ။ ငါက အပ်စိုက်ကုသမှုခံထားတယ်ဆိုတာကို သွေးခုန်နှုန်းစမ်းရုံနဲ့ ပြောနိုင်တယ်။

“ဟင်.. ဘာဖြစ်လို့လဲ.. အပ်မှား သုံးမိလို့လား။" မယ်တော်ကြီး မှာ သက်သက်သာသာဖြင့် မေးလိုက်သည်။ Gu Beiyue မှာ အပြင်တွင် ဒူးထောက်နေရပြီး Han Yunxi မှာ ဤနေရာတွင် ထိုင်နေရသည်။ သူမက အလျင်လိုရန် မလိုအပ်ပေ။

“အမှား မရှိပါဘူး။ လေးစားရတဲ့မယ်တော်ကြီးရဲ့ သွေးခုန်နှုန်းက စမ်းသပ်ကြည့်ရင်အပ်တွေက ခြွင်းချက်မရှိ ကောင်းကောင်း အသုံးပြုထားပါတယ်။ အဲ့တာတွေက ကိုက်ခဲတာ မဖြစ်စေသင့်ဘူး။ လေးစားရတဲ့မယ်တော်ကြီးက ဘယ်လို ဆေးမျိုး သောက်နေရလဲဆိုတာ ကျွန်မ မသိဘူး။” Han Yunxi မှာ Gu Beiyue အား ချက်ချင်းပင် ခေါ်ထုတ်သွားချင်ပြီ ဖြစ်သည်။ သူမက မယ်တော်ကြီးနှင့် အချိန်မဖြုန်းချင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now