အခန်း (၂၇၉)

94 15 0
                                    

အခန်း (၂၇၉)

One vs One။




Duanmu Baiye တို့အဖွဲ့မှာ ဤနေရာတွင် ရောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူတို့အား တံခါးငါးခုကြားတွင် မရွေးချယ်နိုင်သောကြောင့်  တစ်ခုချင်းစီသာ စမ်းသပ်နိုင်သည်။ မထင်မှတ်စွာပင် သူတို့က ရွေးချယ်လိုက်သော ပထမဆုံးတံခါးမှာပင် ကံဆိုးမိုးမှောင်ကျတော့သည်။ သူတို့က တစ်ရက်လုံး မည်သည့်အရာမှ မတွေ့ရပဲ လမ်းလျှောက်နေခဲ့ရပြီး လမ်းဆုံးတွင် တောမီးများနှင့် တွေ့ရတော့သည်။ ကံကောင်းစွာဖြင့် သူတို့က အချိန်မှီ လွတ်မြောက်လာနိုင်ခဲ့ပြီး မဟုတ်လျှင် ယခုအချိန်တွင် ပြာကျသည်အထိ လောင်ကျွမ်းခံရနိုင်သည်။

တံခါးငါးခုတွင် တစ်ခုကသာ သူတို့ရှာဖွေနေသည့် အရာထံသို့ ဦးတည်သွားနိုင်သည်။ အကုန်လုံးမှာလည်း အသက်အား ခြိမ်းခြောက်နိုင်သော ထောင်ချောက်များ ရှိနေသည်။ Duanmu Baiye မှာ ရန်လိုသောင်းကျန်းတတ်သော အမျိုးအစား ဖြစ်သော်လည်း Long Feiye နှင့် ရင်ဆိုင်ရချိန်တွင် အမြဲတစေ  အထူးသတိထားလေ့ ရှိသည်။ Chu Tianyin နှင့် Chu Qingge တို့မှာရှိနေ၍ သူက ဤတစ်ကြိမ်တွင် အလွန်အမင်း ရန်လိုနေ၍ မဖြစ်ပေ။ ချူမိသားစု၏ လေးစွမ်းရည်မှာ  စစ်မြေပြင်တွင် အသုံးဝင်သော်လည်း လက်တွေ့ဘဝတွင် အသုံးချသည်မှာ ရှားပါးလှသည်။ သို့တိုင် တစ်ယောက်ချင်း တိုက်ခိုက်မှုတွင် ကောင်းမွန်နေဆဲဖြစ်သည်။ Duanmu Baiye မှာ မြင်ရသလောက် Chu Tianyin ၏ လေးစွမ်းရည်မှာ Long Feiye ၏ ဓါးစွမ်းရည်အား ခုခံရန် လုံလောက်မှု ရှိသည်။ သို့တိုင် သူက အလျင်လိုနေသော်လည်း ချူမောင်နှမမှာ အလျင်မလိုပေ။ Chu Qingge မှာ Han Yunxi အား အေးစက်စွာ ကြည့်နေရင်း သူမ၏ မျက်လုံးများမှာ ပါးနပ်သောအသွင် ပြောင်းသွားသည်။

“သူတို့က ဘာလို့ ဒီရောက်နေတာလဲဆိုတာ မင်းက မသိချင်ဘူးလား။"  Chu Tianyin ၏ တိုးညင်းသော အသံမှာ သံလိုက်ကဲ့သို့ အာနိသင်ရှိလှသည်။

“သူတို့ကလည်း အဲ့ဒီပစ္စည်းကြောင့် ရောက်နေတာ ဖြစ်နိုင်တယ်။ Long Feiye ကို အရင် အနိုင်ယူပြီးမှ ပစ္စည်းယူရမယ်။ အဲ့ဒီနောက်မှ မေးခွန်းမေးလည်း နောက်မကျသေးဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version जहाँ कहानियाँ रहती हैं। अभी खोजें