အခန်း(၃၈၇)

50 14 0
                                    

အခန်း(၃၈၇)

ဧကရာဇ် Taihui က စိတ်ဆိုးဒေါသထွက်နေတယ်။






“ဝမ်ရယ်က သူ့ကို ညှင်းပန်းပြီး ဝန်ခံလာအောင်လုပ်ဖို့ စိတ်ကူးနေတာမလို့ ကျွန်မက ရယ်တာ။" Han Yunxi မှာ တောက်ပစွာ ပြုံးနေရင်း ပြောလိုက်သည်။

ထိုအရာရှိYu မှာ တောင်ဘက်နင်စီရင်စုသို့ ပို့ဆောင်သည့် စပါးပမာဏသာမက အခြားဒေသနှစ်ခုသို့ ပို့ဆောင်သည့် ပမာဏများအားလည်း စစ်ဆေးရသည်။ စာရင်းစာအုပ်မှ ပို့ဆောင်သော ကွာခြားချက်နှင့် Long Feiye မှ ဝယ်ယူလာသည်များမှာ နောက်ထပ် အလွဲသုံးစားမှုအတွက် သက်သေများ ဖြစ်သည်။ ယခုတွင် ကိစ္စများက ဤအထိရောက်လာပြီ ဖြစ်သဖြင့် Long Feiye ၏ အကျင့်စရိုက်အရ ထိုအသေးစိတ်အချက်အလက်များအား စုံစမ်းရန် စိတ်ရှည်တော့မည် မဟုတ်ပေ။ သူက အရာရှိYu အား ဖမ်းဆီးထားပြီ ဖြစ်သဖြင့် ထိုသူ၏ ပါးစပ်မှ အချက်အလက်များအား ညစ်ထုတ်မည့်သူ ဖြစ်သည်။ ညှင်းပန်းမှုအောက်တွင် ဝန်ခံစေမည် ဆိုခြင်းမှာ တော်ရုံတန်ရုံ စွပ်စွဲမှု မဟုတ်သော်လည်း Long Feiye မှာ စိတ်ဆိုးလာခြင်း မရှိပေ။

ထိုအစား သူက မေးမြန်းလိုက်သည်။ “မင်းမှာ အကြံကောင်းရှိလို့လား။”

Han Yunxi မှာ ပျှော်ရွှင်သွားတော့သည်။ “ဝမ်ရယ်က မှန်ကန်တဲ့ လူကို မေးလိုက်တာပဲ။” သူမ၏ လက်ထဲတွင် လူတစ်ယောက်အား အသက်ရှင်လျက်နှင့် သေသည်အထိ ခံစားသွားရစေနိုင်သော အဆိပ်များစွာ ရှိနေသည်။ ထိုစဉ် ဘေးတွင် ရှိနေသည့် အစောင့်များမှာ ထိုလင်မယားမှာ အတူတကွ အလုပ်လုပ်ကြသော ဝံပုလွေစုံတွဲနှင့် တူသည်ဟု ခံစားလိုက်ရသည်။ အင်း… အရှင့်သားချင်ဝမ် ဒါမှမဟုတ် ချင်ဝမ်ဖေးကို မဆန့်ကျင်တာ ကောင်းမယ်။ သူတို့က တကယ်ကို အကျင့်ယုတ်လွန်းတယ်။

နောက်ရက်အနည်းငယ်အတွင်း Long Feiye နှင့် Han Yunxi တို့မှာ အကြီးတန်းအရာရှိအိမ်တော်တွင် နေထိုင်ကာ စပါးဖြန့်ဝေမှု အခြေအနေအား လေ့လာရင်း အရာရှိ Yu အား ဖြည်းညင်းစွာ နှိပ်စက်ထားလေသည်။ တစ်ချိန်တည်းမှာပင် အခြား ဘေးသင့်ဒေသနှစ်ခုမှာလည်း စပါးပို့ဆောင်မှုအား စတင်ကာ လက်ခံရပြီ ဖြစ်သည်။ Nanguo Mingde မှာ မြို့တံခါးအပြင်တွင် ချိတ်ဆွဲခံထားရသော သတင်းမှာ အခြားဒေသနှစ်ခုသို့ပါ ပျံ့နှံ့သွားသည်။ ဖြောင့်မှန်ကာ သစ္စာရှိသော အရာရှိများမှာ ထိုသတင်းအား လက်ခုတ်လက်ဝါးတီးကာ ပျော်ရွှင်နေကြပြီး အကျင့်ပျက်အရာရှိများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ အကယ်၍ သူတို့က စပါးကျီများအား အချိန်မှီ ဖြန့်ဝေပေးခြင်း မရှိလျှင် ပို၍ ဆိုးရွားသော ကံတရားအား တွေ့ဆုံရမည်အား စိုးရိမ်နေကာ ဆင်ခြေမျိုးစုံပေး၍ စပါးများအား လူထုထံသို့ ပြန်လည်ဝေနေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now