အခန်း(၂၆၉)

90 17 0
                                    

အခန်း(၂၆၉)

နှစ်ဖက်ချိန်ညှိခြင်း။ ပြောရန် သို့မဟုတ် မပြောရန်။





Han Yunxi က သူ့ကို ကုပေးခဲ့တယ်။

Duanmu Yao ၏ အော်သံမှာ လူအုပ်အား တိတ်ဆိတ်သွားစေသည်။ ပထမတွင် လူအုပ်မှာ အံ့အားသင့်သွားပြီးနောက် ရယ်မောသံများ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာအောင် နှာခေါင်းရှုံ့မှုများနှင့် ကဲ့ရဲ့ရှုတ်ချမှုများမှာ Duanmu Yao ၏ လမ်းသို့ ရောက်လာတော့သည်။ အခြားသူတစ်ယောက်၏ ကိစ္စအား ဝင်ရောက်စွက်ဖက်အလုပ်ရှုပ်စေသည့် အမျိုးသမီးအား မည်သူက သဘောကျမည်နည်း။ သူမက Han Yunxi နှင့် အငြင်းအခုန်ပြုလုပ်လာစဉ်ကပင် လူများစွာမှာ သူမအား နှစ်မြို့ခြင်း မရှိတော့ချေ။ ယခုအချိန်တွင် ထိုသူအများစုမှာ သူမ၏ ကံဆိုးမှုအား အခွင့်ကောင်းယူကာ သူမအား ရေတွင်းထဲသို့ ကျောက်တုံးများဖြင့် ပစ်ပေါက်ကြပေတော့မည်။

“ချင်ဝမ်ဖေးက… လှလှပပကို လုပ်ဆောင်လိုက်နိုင်တာပဲ။"

“ဟီးဟီးဟီး မင်းက သူများရဲ့ ကိစ္စကို ဝင်ရှုပ်ရင် ဒီလိုပဲ ဖြစ်ရမှာပဲ။"

“အိုက်ယား… အခုလေးတင်ပဲ သူမ (Han Yunxi) က အဆိပ်ကို ကုနိုင်မှာမဟုတ်ဘူးလို့ မင်းသမီး တွမ်မုက ပြောခဲ့တာမလား။"

“ဟားဟားဟား မင်းသမီး တွမ်မု မင်းဘာပြောလိုက်တာလဲ။ နောက်တစ်ကြိမ် ပြောပါဦး။ ကျုပ်တို့က မကြားရဘူး။"

Duanmu Yao မှာ သေသည်အထိ ငိုချင်နေပြီဖြစ်သည်။ ဤသည်မှာ သူမက ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း ကူကယ်ရာမဲ့နေခြင်းအား ခံစားရခြင်းဖြစ်သည်။ သူမက ဝန်မခံချင်သော်လည်း အမှန်တကယ်ပင် Han Yunxi အား အထင်သေးထားမိခဲ့သည်။ သူမက အခြားအမျိုးသမီးတစ်ယောက်အား မျက်လုံးထဲတွင်ထည့်ရန် အလွန်အမင်း မောက်မာထောင်လွှားနေခဲ့သည်။ ဤတစ်ကြိမ်တွင် အမှန်ပင် သူမက သံတုံးနှင့် တိုက်မိသွားခြင်းဖြစ်သည်။ သူမက နောင်တရရန် အချိန်နှောင်းသွားပြီ ဖြစ်သကဲ့သို့ အစကတည်းက Han Yunxi အား ရန်မစခဲ့သင့်ပေ။ လူအုပ်အား ကြည့်ရှုရန် ထိတ်လန့်နေပြီး သူမက Long Feiye အား ခိုးကြည့်လိုက်လျှင် သူကလည်း ပြုံးနေသည်အား တွေ့မြင်လိုက်ရတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now