အခန်း(၂၈၆)

91 22 0
                                    

အခန်း(၂၈၆)

Tianxin , Mu Xin။





Han Yunxi မှာ တတိယအကြီးအမှူး၏ ခြံဝန်းထဲသို့ လိုက်သွားသော်လည်း ယခုအချိန်တွင် Long Feiye မှာ ဘာလုပ်နေကြောင်း သိချင်မိပြန်သည်။ သူမက စားပွဲပေါ်မှာ ထားခဲ့တဲ့ စိတ်ကူးလိပ်ပြာအိပ်မက်ကို တွေ့ပြီးပြီလား။ သူမက နှုတ်မဆက်ပဲ ထွက်လာခဲ့တာကို သူက ဒေါသထွက်နေလောက်မလား။ သူမ၏ နှလုံးသားတွင် ဗျာများနေသောကြောင့် Gu Qishao မှာ ထောင့်တွင် ပုန်းနေကြောင်း သတိမပြုမိပေ။ သူ၏ မျက်လုံးများမှာ သူမအား စိတ်ဝင်တစားကြည့်နေရင်း ကျဉ်းမြောင်းသွားသည်။

တတိယအကြီးအမှူးမှာ သူမက သီးသန့်မေးမြန်းစရာများရှိနေသည်ဟု ကြားရလျှင် အစေခံများအား ဖယ်ရှားကာ ဧည့်ခန်းသို့ ဦးဆောင်သွားသည်။ ထို့နောက် သူက Han Yunxi အား ထိုင်နေရန် ဖိတ်ကြားလိုက်သည်။

"လေးစားရတဲ့ဝမ်ဖေး ဂုဏ်သရေရှိထိုင်ခုံမှာ ထိုင်ပါ။" တတိယအကြီးအမှူးမှာ ကိုယ်တိုင် လက်ဖက်ရည်နှပ်လိုက်ပြီး ရင်းနှီးစွာ ပြောလိုက်သည်။ ၎င်းမှာ Han Yunxi ၏ ထူးချွန်လှသော အပ်စိုက်ပညာကြောင့် မဟုတ်ပဲ သူတို့၏ ယခင် အလောင်းအစားအား အနိုင်ယူရန်မှ ကြီးမားစွာ ငြင်းဆန်လိုက်ခြင်းကြောင့် ဖြစ်သည်။ Han Yunxi မှာ ထိုကဲ့သို့ ညင်သာသော၊ နိမ့်ချသော တတိယအကြီးအမှူးအား အနည်းငယ် နေသားမကျပေ။ အကယ်၍ သူတို့က ရန်သူအဖြစ် စတင်ခဲ့ခြင်း မဟုတ်လျှင် သူမက သူ့အား အလွန်ယဉ်ကျေးစွာ ဆက်ဆံမည် ဖြစ်သည်။ ယခုအချိန်တွင် သူ၏ လက်ထဲမှ လက်ဖက်ရည်ပစ္စည်းများအား ယူရန်အနည်းငယ် တုံ့ဆိုင်းနေမိသည်။

"ဒီဂျူနီယာကပဲ အစားလုပ်ပါ့မယ်။ တတိယအကြီးအမှူးက ကျွန်မကို ယွင်ရှီးလို့ပဲ ခေါ်လို့ရပါတယ်။"

"ဒါက..." တတိယအကြီးအမှူးမှာ တုံ့ဆိုင်းနေသည်။

"ကျွန်မတို့က Tianning မှာမှ မဟုတ်တာ.. ဒီနေရာမှာ ကျင့်ဝတ်တွေလည်း များများစားစား မရှိပါဘူး။ ဒါ့အပြင် ကျွန်မ ဂျူနီယာပါ။"

တတိယအကြီးအမှူးမှာ ခေါင်းငြိမ့်လိုက်ပြီး ကျေနပ်မှုအား ခံစားလိုက်ရသည်။ Han Yunxi မှာ မထိန်းချုပ်နိုင်ပဲ ရင်ထဲတွင် ခံစားများစွာဖြင့် သက်ပြင်းချလိုက်သည်။ တတိယအကြီးအမှူးမှာ တိမ်တိုက်နယ်ပယ်ဆေးပညာသင်တန်းကျောင်းတစ်ခုလုံးအား ကိုယ်စားမပြုနိုင်သော်လည်း သူက သာမာန်လူမဟုတ်ပေ။ တိမ်တိုက်ကုန်းမြေတွင် သူက သူမ၏ ပထမဆုံး အရေးပါသော ပုံရိပ်ဖြင့် မိတ်ဆွေဖြစ်နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Tahanan ng mga kuwento. Tumuklas ngayon