အခန်း(၃၆၃)

65 14 0
                                    

အခန်း(၃၆၃)

ကြောက်ရွံ့ဖွယ် အကောင်းဆုံး လူသား။






ရင်ဘတ်မှာ ဓါးထိုးခံရတယ်။ အသက်အန္တရယ်ရှိတယ်။

Han Yunxi မှာ ထိုစကားများ ကြားသည်နှင့် လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။ သူမက Long Feiye အား တစ်ညလုံး စောင့်နေခဲ့ပြီး ဤကဲ့သို့ သတင်းမျိုးသာ လက်ခံရသည်။ သူမက မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

အသက်အန္တရယ်ရှိတယ်..

ထိုစကားလုံးများမှာ သူမ ဦးခေါင်းထဲတွင် အဆက်မပြတ် ပဲ့တင်နေသော်လည်း Long Feiye နှင့် မည်သည့်နည်းလမ်းနှင့်မျှ မဆက်စပ်နိုင်ပေ။ ရုတ်တရက် သူမက Tang Li အား ဆွဲကာ အော်လိုက်တော့သည်။ “ဘာဖြစ်တာလဲ။ သူ့ကို ဘယ်သူက ဒဏ်ရာရအောင် လုပ်တာလဲ။"

Tang Li မှာ လေထဲတွင် ပေါ့ပါးမှုစွမ်းရည် အသုံးပြုနေခြင်းဖြစ်သော်လည်း သူမအားဆွဲထားကာ နှစ်ယောက်မှာ ကောင်းကင်တွင် လွင့်သွားသကဲ့သို့ပင်။ သူကလည်း ဒေါသတကြီး ပြန်အော်လိုက်သည်။ “မင်းက ဘာလို့ မေးခွန်း အများကြီး မေးနေတာလဲ။ မြန်မြန်သွားပြီး သူ့ကို အရင်ကယ်ရအောင်။"

ဟုတ်တယ်။ သူ့ကို ကယ်ဖို့က ပိုအရေးကြီးတယ်။ သူမက ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ။  Han Yunxi မှာ ချက်ချင်းပင် ကြောက်လန့်သွားစေရန် ဆူပူခံလိုက်ရသော ကလေးငယ်ကဲ့သို့ သူ့အား လွှတ်ပေးလိုက်သည်။ သူမက အလွန်အမင်း တိတ်ဆိတ်သွားတော့သည်။

မကြာခင် သူတို့က လျှို့ဝှက်အဆောင်သို့ ရောက်လာသည်။ Chu Xifeng မှာ Long Feiye အား အိပ်ခန်းတစ်ခန်းထဲတွင် နေရာချထားပေးပြီး ဖြစ်သည်။ Han Yunxi မှာ အခန်းထဲသို့ဝင်လိုက်သည်နှင့် အိပ်ရာဆီသို့ အပြေးအလွှားသွားလိုက်လျှင် Long Feiye မှာ ရင်ဘတ်ဟင်းလင်းဖြင့် ဒဏ်ရာတွင် ပတ်တီးများ ထူထပ်စွာ စည်းနှောင်ကာ လှဲလျောင်းနေသည်အားသာ တွေ့လိုက်ရသည်။ သို့တိုင် ပတ်တီးများကြားမှ လတ်ဆတ်သော သွေးများမှာ စိမ့်ထွက်လာဆဲဖြစ်သည်။ သူက နေရာတွင် တိတ်ဆိတ်စွာ လှဲလျောင်းနေကာ ချောမောသော မျက်ခုံးများက ပုံမှန် အေးစက် ခက်ထန်သော အငွေ့အသက်များကင်းမဲ့နေသည်။ ထိုအစား ရိုးရှင်းစွာ တိတ်ဆိတ်ငြိမ်သက်နေသည့် အသွင်အပြင်မှာ သူ၏ အိပ်စက်နေသည့် အမူအရာအား ပုံမှန်ထက် ပို၍ ဆွဲဆောင်မှု ရှိစေသည်။ ၎င်းမှာ မှင်ပန်းချီတစ်ချပ်ကဲ့သို့ နှစ်လိုဖွယ်ကောင်းလှသည်။ ပထမ အကြည့်တစ်ချက်တွင် သူက နေ့အလင်းရောင် ထွက်ပေါ်လာသည်နှင့် နိုးထလာမည့် အိပ်စက်နေသော တစ်စုံတစ်ယောက်နှင့် တူညီလှသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now