အခန်း(၂၅၇)

91 17 1
                                    

အခန်း(၂၅၇)

မည်သည့်အချိန်ကမှ တွေးထင်ထားခြင်း မရှိခဲ့။






ဝတ်စုံဖြူအမျိုးသားမှာ အဆိပ်သားရဲအား ရည်ရွယ်နေသောကြောင့် Han Yunxi အား ပြန်ပေးဆွဲခဲ့သည်ဟု လူတိုင်းမှာ ထင်မှတ်ထားကြသော်လည်း မှားယွင်းသွားခဲ့သည်။ ဝတ်စုံဖြူအမျိုးသားမှာ သူတို့အား ဤနေရာသို့ ခေါ်လာပြီးနောက် နှုတ်ဆက်ခြင်း မရှိပဲ ထွက်ခွာသွားသည်။ ထိုစဉ်က အဖြူရောင်ပုံရိပ်မှာ အမြန်နှုန်းကြောင့် ထိုသူသာ ဖြစ်ရမည်။ သူကသာ အနက်ရောင်ရွှေတံခါးအား ဖွင့်လိုက်သူ ဖြစ်ရမည်။ Long Feiye မှာ အရိပ်မျိုးနွယ်စု၏ အမြန်နှုန်းအကြောင်း သိရှိထားဆဲဖြစ်သည်။ အစောတွင် ဝတ်စုံဖြူအမျိုးသားမှာ သူ၏ မျိုးနွယ်တွင်း၌ပင် သာမာန်ထက် ကျော်လွန်သော အမြန်နှုန်းအား ပြသခဲ့သည်။ ထိုအမျိုးသားမှာ တံခါးဖွင့်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း သူက ပြောနိုင်သည်။ ထိုအရှိန်ကြောင့်သာ မဟုတ်လျှင် သူတို့က အသက်ရှင်လျက် ကြွက်များ အစားခံရတော့မည် ဖြစ်သည်။ ထိုအမျိုးသားက မည်ကဲ့သို့ တံခါးဖွင့်နိုင်လိုက်သည်အား သူက မသိသော်လည်း ထိုသူမှ ပြုလုပ်သွားခြင်းဖြစ်ကြောင်းတော့ သံသယရှိစရာ မလိုပေ။

ဒါပေမယ့် အဲ့တာက Han Yunxi နဲ့ ဘယ်လို ပတ်သက်နေတာလဲ။

Long Feiye မှာ Han Yunxi ၏ သွေးစိုနေသည့် လက်ချောင်းများအား ကြည့်ရင်း မျက်လုံးများမှာ အလင်းနှင့်အမှောင်ကြား ကူးသန်းနေသည်။ သူ၏ အတွေးများအား ဖတ်ရှုရန် မဖြစ်နိုင်ပေ။ Han Yunxi ကိုယ်တိုင်မှာလည်း အတွေးထဲ နစ်မြှုပ်နေသည်။ သူမ​၏ လက်ချောင်းများမှာ တစ်စုံတစ်ခုနှင့် ခြစ်မိသွားဟန် တူသည်။ ပြတ်ရှရာများမှာ သေးငယ်သော်လည်း သွေးမှာ ဆက်တိုက်ဆိုသလို စီးကျနေဆဲဖြစ်ပြီး နာကျင်စေသည်။ သူမ၏ လက်ချောင်းများမှာ မတော်တဆ ထိခိုက်ခြင်းလား ဝတ်စုံဖြူအမျိုးသားမှ တမင် ဒဏ်ရာရစေခဲ့ခြင်းလား မသဲကွဲပေ။

“Linger  မင်းမှာ သွေးတိတ်ဆေး ရှိလား။" Gu Qishao မှာ အလျင်အမြန်တောင်းလိုက်သည်။ Mu Linger မှာ Han Yunxi အား စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီး တုံ့ပြန်ခြင်း မပြုပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now