အခန်း(၂၈၁)

88 14 0
                                    

အခန်း(၂၈၁)

လှည့်စားခြင်း၏ တန်ဖိုးကို ပေးဆပ်ရမယ်။






အသေးလေးမှ အလေးအနက် ပြုမူနေသည်အား မြင်လျှင်  Han Yunxi မှာလည်း ဒူးထောက်ထိုင်လိုက်ကာ စိတ်ကူးလိပ်ပြာအိပ်မက်အား နောက်တစ်ကြိမ် ရှူရှိုက်ကြည့်လိုက်သည်။ အသေးလေးမှာ အလွန်ပူးပေါင်းမှုရှိပြီး စိတ်ကူးလိပ်ပြာအိပ်မက်အား အနံရှူကြည့်ပြီးနောက် နှာခေါင်းဖြင့် စစ်ဆေးလိုက်သည်။ ထို့နောက် သခင်နှင့် အိမ်မွေးမှာ အချိန်အတော်ကြာ ပတ်ဝန်းကျင်အား ထက်သန်စွာ အနံရှူရှိုက်လိုက်ပြန်သည်။ ရုတ်တရက် အသေးလေးမှာ တစ်စုံတစ်ခုအား ရှာတွေ့သွားသကဲ့သို့ နောက်ခြေများပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ပြူးကျယ်သော မျက်လုံးများဖြင့် Han Yunxi အား ကြည့်လိုက်သည်။

Han Yunxi မှာ ဝမ်းသာသွားတော့သည်။ “မင်းဘာကို အနံ့ရလို့လဲ။"

“ချီ.. ချီ" အသေးလေးမှာ ပျော်ရွှင်စွာ မြည်တွန်လိုက်ပြီးနောက် သူမပုခုံးပေါ်သို့ တွယ်တက်လာကာ ထိုင်လိုက်တော့သည်။ “ချီချီချီ..”

Han Yunxi မှာ  သူ့အား လျင်မြန်စွာ ကောက်ယူလိုက်ပြီး လက်ဖဝါးထဲသို့ထည့်လိုက်ကာ မျက်နှာတွင်လည်း ပြုံးရွှင်နေသည်။ “မင်း အဲ့တာကို ရှာတွေ့လို့လား။ ဒီလျှို့ဝှက်လမ်းကြောင်းထဲမှာ စိတ်ကူးလိပ်ပြာအိပ်မက်ရဲ့ အနံ့တွေ ရှိနေတယ်မလား။"

အသေးလေးမှာ သခင်ဖြစ်သူမှ ပျော်ရွှင်နေသည်အား မြင်လျှင် ပို၍ ပျော်ရွှင်လာတော့သည်။ သူက Han Yunxi ၏ လက်ဖဝါးပေါ်တွင် ခုန်ဆွခုန်ဆွပင် လုပ်နေသည်။

“တကယ်ပဲပေါ့။” Han Yunxi မှာ ထိုအဖြေအား အမှန်တကယ်ပင် ဆုတောင်းနေမိသည်။ အသေးလေးမှာ သူမလက်ပေါ်မှ ခုန်ထွက်ကာ လိုဏ်ခေါင်းထဲသို့ နက်ရှိုင်းစွာ ပြေးဝင်သွားတော့သည်။

“အဲ့တာက ဒီလမ်းမှာလား။" ဝမ်းသာသွားသည့် Han Yunxi မှာ နောက်မှ အလျင်အမြန် လိုက်သွားလိုက်သည်။ အသေးလေးမှာ သူမက လိုက်လာသည်အား မြင်လျှင် သူမက မှီလာစေရန် စောင့်နေသကဲ့သို့ ရပ်နေလိုက်သည်။ ထိုသည်အားမြင်လျှင် Han Yunxi မှာ သူမခန့်မှန်းချက်အား ရှစ်ဆယ်ရာခိုင်နှုန်းခန့် သေချာသွားတော့သည်။ သူမက လျင်မြန်စွာ လိုက်သွားလိုက်တော့သည်။ သို့တိုင် သူတို့က ပြေးသွားလိုက်လျှင် Han Yunxi မှာ သူမရှေ့မှ ဆက်တိုက်မြည်သံများ ကြားလိုက်ရသည်။ သူတို့ထံသို့  အုပ်စုကြီးတစ်စုမှာ ဦးတည်ရွေ့လျားလာသကဲ့သို့ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now