အခန်း(၃၂၁)

77 16 0
                                    

အခန်း(၃၂၁)

တစ်စုံတစ်ယောက်က သူမအတွက် စိတ်ဆင်းရဲနေတယ်။




Gu Beiyue မှာ မနက်ပိုင်းတွင် ပထမဆုံးအနေဖြင့် ဧကရာဇ် Taihui အား သွားတွေ့လိုက်သည်။ သူက သွားတွေ့ရသော အကြောင်းအရင်းအတိအကျမှာ Han Yunxi ၏ Baili Mingxiang အား လက်ရှိတွင် ကုသနေမှုအတွက်ပင်။ သမားတော်ချုပ်တစ်ယောက် အနေဖြင့် Han Yunxi အား ဧကရီအား ကုသရန် အနောက်ဘက်တောင်တန်းသို့ ပို့ဆောင်ရန် အသိပေးစာအား ဧကရာဇ် Taihui ထံမှ သူက ကြိုတင်ရရှိပြီးသား ဖြစ်သည်။ ညွှန်ကြားချက်များအရ သူက မယ်တော်ကြီး၏ မွေးနေ့စားပွဲပြီးသည်နှင့် ၎င်းအား ဆောင်ရွက်သင့်သည်။

သို့တိုင် သူက မပြုလုပ်ခဲ့ပေ။ ဧကရာဇ် Taihui မှာလည်း ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုကိစ္စအား ဖိအားပေးလာခြင်း မရှိချေ။ သို့တိုင် ပြသနာမှာ ပြီးဆုံးသွားခြင်း မဟုတ်ကြောင်း Gu Beiyue မှာ ရှင်းလင်းစွာ သိနေသည်။ ဧကရာဇ် Taihui မှာ စားပွဲတွင် Long Feiye မှ ပြသခဲ့သော အင်အား အား ထိတ်လန့်နေဆဲဖြစ်သည်။ ထို့ကြောင့် သူက Han Yunxi အား ဖိအားမပေးခြင်း ဖြစ်သည်။ ထိုစဉ် စစ်သူကြီး Baili မှာ စားပွဲပြီးဆုံးသွားသည်နှင့် ဆေးကုသပေးရန် တောင်းဆိုမှု ပြုလုပ်လာသည်။ ၎င်းမှာ Long Feiye ၏ အစီအစဉ်ဖြစ်သည်။ သမားတော်ချုပ်တစ်ယောက်အနေဖြင့် Gu Beiyue မှာ မည်သည့်အချိန်ကမှ ရုံးတော်တွင်း အားပြိုင်မှုများအား တတ်နိုင်သမျှ ဝင်မပါခဲ့ပေ။ သူက သူ၏ ကိစ္စများအားသာ အာရုံစိုက်တတ်သော ဥာဏ်ပညာရှိလေသည်။ ယခုအချိန်တွင် ဧကရာဇ် Taihui မှာ Han Yunxi အား အနောက်ဘက်တောင်တန်းသို့ သွားရောက်ရန် ဖိအားပေးခြင်း မပြုတော့သည်အား ရှင်းလင်းစွာ မြင်နိုင်သည်။ Long Feiye မှာလည်း ထိုကိစ္စအား ပြောဆိုလာခြင်းမရှိသည့်အတွက် ဆုံးဖြတ်ရန် အာဏာမှာ တော်ဝင်သမားတော်ချုပ်တစ်ယောက်ဖြစ်သော သူ၏ လက်ထဲတွင် ရှိနေသည်။ အကယ်၍ သူက နှစ်ယောက်ကြားတွင် တိတ်ဆိတ်နေလိုက်လျှင် အဆုံးတွင် ဒုက္ခရောက်ရမည့်သူမှာ သူဖြစ်သွားလိမ့်မည်။

"အရှင်မင်းမြတ် ဒါက မိန်းကလေး Mianxiang ရဲ့ ဆေးမှတ်တမ်းပါ။ သူမက ဖျားနာနေတာ ကြာပြီ ဆိုပေမယ့် အရင်က တော်ဝင်သမားတော်တစ်ယောက်မှ မကုသနိုင်ခဲ့ပါဘူး။ ဒီလူကလည်း အကူအညီမဲ့နေပါတယ်။ ဒါကြောင့် စစ်သူကြီး Baili က လေးစားရတဲ့ဝမ်ဖေးကို အကူအညီတောင်းဖို့ သွားရှာခဲ့ပါတယ်။ အဲ့ဒီ မိန်းကလေးက အဆိပ်သင့်နေတယ်လို့ သူမက ဆေးစစ်ချက်ထုတ်ပေးခဲ့ပေမယ့် အကုန်လုံးဖယ်ရှားဖို့ အချိန်အချို့ ယူရပါမယ်။" Gu Beiyue မှာ မှတ်တမ်းအား ပေးလိုက်ကာ ရှင်းပြလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now