အခန်း(၃၂၆)

78 11 0
                                    

အခန်း(၃၂၆)

လူသတ်မှု။ မယ်တော်ကြီး၏ ဖိတ်ကြားချက်။






Su Xiaoyu မှာ အသက်ငယ်သော်လည်း အသံမှာ အတော်လေးကျယ်လှသည်။ သူမက လှေကားတစ်ဝက်သာ ရှိသေးသော်လည်း Han Yunxi မှာ တံခါးနောက်မှ ကြားနေရပြီ ဖြစ်သည်။

“ဘယ်သူလဲ။”  Long Feiye မှာ ချက်ချင်းပင် နိုးလာသည်။

“ကျွန်မကယ်လာတဲ့ ကောင်မလေး .. သူမ နာမည်က Su Xiaoyu တဲ့..”  Han Yunxi မှာ အမှန်အတိုင်း ပြောလိုက်သည်။

Chu Xifeng မှာ Long Feiye အား Su Xiaoyu ၏ ဇာတ်မြစ်အား စုံစမ်းပြီးနောက် ပြောကြားပြီးသင့်ပြီဖြစ်သော်လည်း သူက လတ်တလောတွင် အလွန်အလုပ်များနေသဖြင့် မေ့လျော့သွားသည်။ Long Feiye မှာ Han Yunxi အား လွှတ်​ပေးကာ မတ်တပ်ရပ်လိုက်လျှင် Han Yunxi မှာလည်း သူ့နောက်မှ လိုက်ကာ အလျင်စလို ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ယခုအချိန်တွင် Su Xiaoyu မှာ တံခါးသို့ ရောက်လာပြီ ဖြစ်သည်။

“လေးစားရတဲ့ဝမ်ဖေး အိပ်ရာထဖို့အချိန် ရောက်ပါပြီ။ ကျွန်မ ဝမ်ဖေးအတွက် လက်ဖက်ရည်နှပ်လာတယ်။"

Han Yunxi မှာ မနက်စောစော အိပ်ရာထသည့် အကျင့်ရှိပြီး ထိုအချိန်တွင် ခြံဝန်းထဲ၌ လက်ဖက်ရည်သောက်လေ့ရှိသည်။ သဘာဝကျစွာပင် Su Xiaoyu မှာ Long Feiye မှ ရောက်ရှိနေမှန်း မသိပဲ သူမ၏ ရည်ရွယ်ချက်ကောင်းဖြင့် နှောင့်ယှက်မှုမှာ Han Yunxi အား စိတ်ဓါတ်ကျသွားစေတော့သည်။

အချိန်တွေ အများကြီးထဲမှ သူမက ဒီအချိန်ရွေးလိုက်တယ်… သူမက အဲ့ဒီ ကောင်မလေးကို စိတ်တိုင်းကျမဝင်လာဖို့ သေချာပြောထားရမယ်။

“အဲ့တာကို ခြံဝန်းထဲယူသွားလိုက်.. ခွက်အပိုပါပြင်ထား..”  Han Yunxi မှာ တံခါးနောက်မှ ပြောလိုက်သည်။

Su Xiaoyu မှ  အံ့အားသင့်သွားပြီး သံသယများဖြင့် မေးမြန်းလိုက်သည်။ “အပိုတစ်ခွက်ပြင်ထားရမယ်။"

ဘယ်သူလဲ..

သူမက အမှန်တကယ်ပင် အချိန်မှီ မတုံ့ပြန်လိုက်နိုင်ပေ။ သူမ၏ မူလအစီအစဉ်မှာ Han Yunxi မှ အိပ်ရာထ နောက်ကျနေသည်အား အခွင့်အရေးယူကာ အဝတ်အစားလဲရန် ကူညီပေးလိုခြင်းဖြစ်သည်။ ထိုနည်းဖြင့် သူမက Han  Yunxi ၏ ခန္ဓာကိုယ်အား တစ်ကြိမ်တည်း စစ်ဆေးနိုင်မည်ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူမ၏ အခွင့်အရေးမှာ နောက်တစ်ကြိမ် ဆုံးရှုံးလိုက်ရပြန်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now