အခန်း(၂၄၉)

92 15 0
                                    

အခန်း(၂၄၉)

ဒီလူကြီးက သေဖို့ရာ သဘောကျတယ်။။

သူက သေဆုံးသွားတော့မှာလား။

သူက မျက်လုံးများ ဖြည်းညင်းစွာ မှိတ်လိုက်ပြီး သူ၏ တိတ်ဆိတ်သွားမှုက ထိတ်လန့်ဖွယ်ကောင်းလှသည်။ အကယ်၍သူ၏ မျက်ခုံးများမှာ မိနစ်တိုင်း တွန့်သွားခြင်းသာ မဟုတ်လျှင် အမှန်တကယ်ပင် သေဆုံးသွားပြီဟု ထင်ရနိုင်သည်။

“Qiကိုကို မြန်မြန် ဖြေဆေးသောက်..” Mu Linger မှာ ငိုယိုနေသည်။ သူမက မျက်ရည်များ စီးကျနေရင်း Gu Qishao ၏ နှုတ်ခမ်းများကြားသို့ မြွေဆိပ်ဖြေဆေး တွန်းထည့်လိုက်သည်။ Qiကိုကိုမှာ မြွေများစွာ၏ ကိုက်ခဲမှုအား ခံရပြီးနောက် ခံနိုင်ရည် ရှိတော့မည် မဟုတ်ကြောင်း သူမက သိနေသည်။ သူက အောက်တွင် သေဆုံးမသွားခြင်းမှာ သူ၏ အသက်အား ထိန်းသိမ်းထားရန် နည်းလမ်းရှိသောကြောင့်သာ ဖြစ်သည်။ Qiကိုကိုက ဘာလို့ ချင်ဝမ်နဲ့ ရန်သူလုပ်နေတာရလဲ။ အဲ့တာက ဘယ်လောက်တောင် ရူးမိုက်တဲ့ ကိစ္စလဲ။ Han Yunxi အတွက်ပဲလား။

Mu Linger ၏ မျက်လုံးများတွင် အမုန်းတရားများက ဖြတ်ပြေးသွားသည်။ အကယ်၍ သူမက Han Yunxi နှင့် တွေ့ဆုံခဲ့လျှင် သူမအား ကျိန်းသေ သင်ခန်းစာ ပေးရမည်။

Mu Linger မှာ ဆေးတိုက်ရန် အလုပ်များနေစဉ်  Gu Qishao ၏ လက်များမှာ ငြိမ်သက်နေခြင်း မဟုတ်မှန်း သတိမထားမိပေ။ သူကအင်အားများ စုဆောင်းနေသကဲ့သို့ ဝမ်းဗိုက်အား တိတ်ဆိတ်စွာ ဖိနေသည်။ မကြာခင်ပင် သူက ဝမ်းဗိုက်မှ သစ်တော်ပန်းမိုးဖွဲအပ် နှစ်ချောင်းအား လျှို့ဝှက်စွာ ထုတ်လိုက်နိုင်သည်။ Tang Li မှာ အပ်လေးချောင်း သုံးခဲ့ပြီး နှစ်ချောင်းမှာ ပစ်မှတ်အား ထိမှန်ခဲ့သည်။ ၎င်းမှာ အလွန်ကံကောင်းလှပြီ ဟု ဆိုနိုင်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်နေပြီး မြွေကိုက်ရာနှင့် သစ်တော်ပန်းမိုးဖွဲအပ်မှ ထိမှန်သည့် နေရာများမှာ သွေးများ စီးကျနေသည်။ သူက ဘယ်လိုနာကျင်ရတဲ့ ခံစားမှုမျိုးကို ခံစားရမလဲဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်။

သူက သည်းခံရုံသာ တတ်နိုင်သည်။

သူက ဖြေဆေးများအား မြိုချလိုက်သော်လည်း လည်ချောင်းတွင် တစ်နေသည်။ Mu Linger မှ ကြည့်မနေသည့်အချိန်တွင် Gu Qishao မှာ တစ်ဖက်သို့ လှည့်ကာ ထွေးထုတ်ပစ်လိုက်သည်။ Mu Linger မှာ Gu Qishao ၏ ခွန်အားများ ဖြုန်းတီးမိသွားသည်မည်အား စိုးရိမ်နေကာ မထိဝံ့သကဲ့သို့ စကားပင် မဆိုဝံ့ပေ။ သူမက ဂရုတစိုက် စောင့်ကြည့်နေပြီး Gu Qishao မှာ သူမအား ကြာမြင့်စွာ ကျောပေးထားလျှင် စိုးရိမ်စိတ်များ ကြီးထွားလာသည်။ စိုးရိမ်နေကာ စစ်ဆေးရန် ပြင်လိုက်စဉ် Gu Qishao မှာ သူမအား လှည့်ကြည့်လာသည်။ နောက်ဆုံးတွင် Mu Linger မှာ မျက်ရည်များ စီးကျနေခြင်း ရပ်သွားပြီး စကားပြောလိုက်သည်။ “ Qiကိုကို ကျွန်မက သေမလောက် ကြောက်သွားတာပဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now