အခန်း(၂၂၄)

80 14 0
                                    

အခန်း(၂၂၄)

အရှင့်သားရဲ့ တည်ရှိမှုက ကျွန်တော်မျိုးရဲ့ နိမ့်ကျတဲ့ တရားရုံးကို မြင့်တက်စေပါတယ်။





ချင်ဝမ်မှ အကျဉ်းခန်းထဲမှ တစ်စုံတစ်ယောက်ထံသို့ သွားရောက်သည်မဆိုထားနှင့် တရားရုံးတော်အားပင် သွားရောက်ဖူးခဲ့ခြင်း ရှိရဲ့လား။ ချင်ဝမ်ဖေးမှ အကျဉ်းချခံရသည့်သတင်းမှာပင် အုတ်အုတ်ကျက်ကျက်ဖြစ်နေပြီ ဖြစ်သည်။ အိမ်ရှေ့စံမှာ ရောဂါကုသနေရဆဲဖြစ်ပြီး ဧကရာဇ်မှာ ရာဇဝတ်သားများအား ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးပေ။ လူတိုင်းမှာ ချင်ဝမ်၏ လှုပ်ရှားမှုအား အာရုံစိုက်နေကြသည်။ မထင်မှတ်စွာပင် သူက နန်းတော်သို့ပင် သွားရောက်ခြင်း မရှိပဲ အကျဉ်းထောင်သို့ တိုက်ရိုက်သွားလိုက်သည်။

တရားရုံးတော်မှ အရာရှိ Ouyang မှာ သဘာဝကျစွာပင် ဧကရာဇ် Taihui ၏ လူများထဲမှတစ်ယောက်ဖြစ်သော်လည်း သူက ချင်ဝမ်အား အနည်းငယ်ပင် အပြစ်မပြုရဲပေ။ ထိုပုဂ္ဂိုလ်၏ လှည့်ကွက်နှင့် နည်းလမ်းများမှာ သူ၏ အရာရှိဦးထုတ်အား ဘာမှမဟုတ်သကဲ့သို့ ဖြတ်တောက်ပစ်နိုင်သည်။ ဧကရာဇ် Taihui  နှင့် ချင်ဝမ်ကြားတွင် သူကဲ့သို့ တတိယအဆင့်အရာရှိသည်ပင်လျှင် ရေခဲပြင်ပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ ဂရုတစိုက် ပြုမူနေရသည်။ မူလတွင် Han Yunxi  နှင့် Gu Beiyue  မှာ ပုံမှန်အကျဉ်းသားများကဲ့သို့သာ ဆက်ဆံကာ သာမန်အကျဉ်းခန်းတွင်သာ နေရမည်ဖြစ်သည်။ အရာရှိ Ouyang  မှာ စစ်ဆေးမှုစရန် ဧကရာဇ် Taihui ၏ အမိန့်အား စောင့်ဆိုင်းရင်း ညှင်းပန်းရန် အခန်းပင် ပြင်ဆင်ထားသည်။ သို့သော်  ချင်ဝမ်မှ ရောက်ရှိလာသည်ဟု ကြားသည်နှင့် အရာရှိ Ouyang  မှာ ထိုနှစ်ယောက်အား သန့်ရှင်းကာ သက်တောင့်သက်သာရှိနိုင်မည့် အကျဉ်းခန်းသို့ ပြောင်းရွေ့ကာ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် စောင့်နေတော့သည်။

Long Feiye မှာ အကျဉ်းခန်းသို့ သွားရောက်မည့် အကြောင်းမှာ ဤကဲ့သို့ လူသိရှင်ကြား ဖြစ်နေရခြင်းမှာ သူက မသွားရောက်ခင် သူ၏ လူများအား သတင်းဖြန့်ထားခိုင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ တရားရုံးတော်မှာ သူ့အား ထုံးတမ်းအတိုင်း လက်ခံပေးရတော့မည်ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now