အခန်း(၂၈၃)

88 19 0
                                    

အခန်း(၂၈၃)

သူ့အား ပွင့်လင်းစွာ မေးမြန်းခြင်း။






သူတို့က သစ်သားတံခါးအား ဖြတ်ကာ ခြေချလိုက်သည်နှင့် နောက်ထပ် လျှို့ဝှက်လမ်းကြောင်းအား တွေ့လိုက်ရသည်။ ၎င်းမှာ ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း မရှိပဲ တောင်ထဲမှ သဘာဝအတိုင်း ဖြစ်ပေါ်နေဟန်တူသည်။ ထူးဆန်းသည့်ကိစ္စရပ်မှာ သူတို့က အထဲသို့ ခြေချလိုက်သည်နှင့် စူးရှသောအနံ့များအား ရှူရှိုက်ရတော့သည်။ ၎င်းမှာ အလွန်အမင်း တိုက်စားမှုပြင်းထန်သော ပစ္စည်းတစ်မျိုးမှ လာကြောင်း မည်သူမဆို ပြောနိုင်သည်။

"ဒါက လမ်းမှန်ပဲ။" Long Feiye မှာ အခြားလမ်းကြောင်းတစ်ခုမှ ညလင်းပုလဲအားယူကာ သူတို့၏ လမ်းကြောင်းအား လင်းစေသည်။ အထဲနှင့် အပြင်ကြားရှိ လေထဲမှ အနံ့၏ သိပ်သည်းဆအား ခံစားကြည့်နိုင်သည်။ Han Yunxi မှာ သူမ၏ အဆိပ်ဖြေစနစ်အား အချိန်ကြာမြင့်စွာကပင်စတင်ကာ အတွင်းကျသော အာရုံခံကိရိယာများအားပါ အသက်သွင်းထားသည်။ သို့တိုင် ထိုအနံ့မှာ အဆိပ်ရှိမရှိ သူမက မပြောနိုင်ပေ။ သူမ၏ သတိမှာလည်း သိချင်စိတ်များနှင့်အတူ နိုးကြားလာသည်။ သူမက စိုးရိမ်နေခြင်းမှာ ၎င်းမှာ သူမ၏ အဆိပ်ဖြေစနစ်မှ အာရုံခံနိုင်ခြင်း မရှိမှာကိုပင်။ သို့ဖြစ်လျှင် သူတို့က အဆိပ်ငွေ့များ အလွန်အကျွံ ရှူရှိုက်မိကာ အဆိပ်သင့်နိုင်သည်။

"လေက အဆိပ်ရှိလား။" အဒေါ်ရူမှာ စိုးရိမ်နေသည်။

"မင်းတို့ နှစ်ယောက်ဒီမှာနေခဲ့ ငါသွားကြည့်လိုက်မယ်။" Long Feiye မှာ အလွန်ပြတ်သားလှသော်လည်း အဒေါ်ရူမှာ သူ့အား အလေးအနက် အမူအရာဖြင့် ဆွဲထားသည်။

"ယဲ့အာ မင်းရဲ့ အသက်က ဘယ်သူမဆိုထက် အရေးကြီးတယ်။ မင်းသွားလို့မရဘူး။"

အမှန်ပင် သူမ၏ စကားများမှာ အဓိပ္ပါယ်မရှိခြင်းတော့ မဟုတ်ပေ။ Long Feiye ၏ အသက်မှာ အမှန်တကယ်ပင် တိမ်တိုက်ကုန်းမြေပေါ်၌ တန်းညှိနိုင်သူ မရှိပေ။ သို့တိုင် ထိုစကားများနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှာ မူမမှန်ကြောင်း Han Yunxi မှာ ခံစားရလိုက်ဆဲဖြစ်သည်။ သူမက ပဟေဌိဖြစ်နေစဉ် အဒေါ်ရူမှာ ရုတ်တရက် အော်လိုက်သည်။ " Han Yunxi မင်းသွား မြန်မြန်.."

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now