အခန်း(၃၂၅)

70 14 0
                                    

အခန်း(၃၂၅)

ဒါဆို ရှင်က အကျိုးအမြတ်ရမှာ မဟုတ်ဘူးလား။





Long Feiye မှာ Han Yunxi ၏ အလွန်ကောင်းမွန်လှသော နှိပ်နယ်မှု စွမ်းရည်တွင် နစ်မြှုပ်နေစဉ် သူ၏ ခါးတစ်ဝိုက်မှ နူးညံ့သောအရာတစ်ခုက တိုးဝှေ့လာကြောင်း သတိထားမိသွားတော့သည်။ သူ၏ အောက်တွင် တစ်စုံတစ်ရာမှ တိုးခွေ့နေသကဲ့သို့ပင်။ Han Yunxi ၏ ချောမွေ့သော လက်ချောင်းထိပ်များမှ နှိပ်နယ်မှုအား အလွန်သဘောကျမိကာ သူ၏ ရှားပါးလှသော ငြိမ်းချမ်းနေမှုအား နှောင့်ယှက်သောရန်သူအား မုန်းတီးလှသည်။ သို့တိုင် သူ ခါးမှ အရာမှာ အလွန်အမင်း စိတ်ရှုပ်စေသည်။ အကယ်၍ ၎င်းမှာ တစ်ကြိမ်သာ လှုပ်ရှားလျှင် အဆင်ပြေနိုင်သေးသော်လည်း ဆက်တိုက်အဆက်မတိုက် တွန်းခွေ့နေကာ Long Feiye အား ငြိမ်ချမ်းစွာ လှဲနေရန် မဖြစ်နိုင်တော့ပေ။ သူက အိပ်ရာ သန့်ရှင်းမှု စံနှုန်း အလွန်အမင်းမြင့်မားသော အသန့်ကြိုက်သူ တစ်ယောက်ဖြစ်သည်။

“မင်းအိပ်ရာပေါ်မှာ တစ်ခုခု ရှိနေတာလား။" Long Feiye ၏ မပျော်မရွှင်ဖြစ်နေသော အသံမှာ နူးညံ့ချိုမြိန်သော အခြေအနေအား ပြိုကွဲသွားစေတော့သည်။ သူ၏ လက်မှာ ချက်ချင်းပင် နိမ့်ဆင်းလာပြီး သေးငယ်သော အမွှေးလုံးအား ဆုတ်ကိုင်လိုက်သည်။ ထိုအရာမှာ အသေးလေးမှ ဘယ်သူဖြစ်နိုင်မလဲ။

အသေးလေးမှာ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နန်းတော်မှ ပစ္စည်းများ ခိုးယူကာ အလုပ်များနေပြီး မအိပ်ရသေးပေ။ အခုအချိန်တွင် သူက ​အသေကောင်ကဲ့သို့ အိပ်နေသည်။ Long Feiye မှ ရောက်လာချိန်တွင်ပင် သူက သတိလစ်နေသကဲ့သို့ အိပ်နေဆဲဖြစ်သည်။ Long Feiye မှ သူ့အား မလိုက်လျှင် အိပ်ငိုက်နေသော မျက်လုံးတစ်ဖက် ပွင့်လာပြီး သူ၏ ချောမောသော မျက်နှာအား တွေ့လိုက်ရသည်။

ဟမ်… မေမေယွင်ရှီးရဲ့ မျက်နှာက ဘာလို့ ပြောင်းသွားတာလဲ။

အသေးလေးမှာ မျက်လုံးနောက်တစ်ဖက်အား ဖွင့်ကာ နီးကပ်စွာ ကြည့်လိုက်လျှင် Long Feiye ၏ ရေခဲတမျှ အေးခဲနေသော ပုံရိပ်အား တွေ့လိုက်ရတော့သည်။

“ချီ……” သူက ချင်ဝမ်အိမ်တော်တစ်ခုလုံးကြားနိုင်အောင် စူးရှစွာ အော်ဟစ်လိုက်တော့သည်။  အသေးလေး၏ အမွှေးများမှာ အဆုံးအထိ ထောင်သွားတော့သည်။ ကြောက်ဖို့ကောင်းလွန်းတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now