အခန်း(၃၀၁)

92 19 0
                                    

အခန်း(၃၀၁)

အေးစက်သော သတိပေးမှု။





မှေးမိန်သော ညတစ်ည….

Long Feiye မှာ သူ၏ အဆောင်ရှိ မီးများအား ငြိမ်းသတ်ကာ ဆိတ်ငြိမ်တိမ်တိုက်ဆောင်၏ ဦးတည်ဘက်သို့ ကြည့်ရင်း ပြတင်းပေါက်ဘေးတွင် တစ်ကိုယ်တည်း ရပ်နေသည်။ Han Yunxi မှာ သူမ၏ ပြတင်းပေါက်မှ သူ၏ အဆောင်တစ်ခုလုံးအား မြင်နိုင်လျှင် သူ၏ စာကြည့်ခန်းထဲမှ သူမကဲ့သို့ တစ်ပုံစံတည်း ပြုလုပ်နိုင်ကြောင်း မသိပေ။ ဆိတ်ငြိမ်တိမ်တိုက်ဆောင်မှ မီးများမှာ ထွန်းထားဆဲဖြစ်ကာ ပြတင်းပေါက်တွင် Han Yunxi ၏ သွယ်လျသော ပုံရိပ်က ထင်ဟပ်နေသည်။  အတိတ်တွင် Long Feiye မှာ ဆယ်ညဆိုလျှင် ခုနစ်ညမှ ရှစ်ညလောက်အထိ ဆိတ်ငြိမ်ဆောင်တွင်သာ အချိန်ကုန်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူက အမြဲတစေ အိမ်ပြန်လာတတ်သည်။ သူ၏ အလုပ်မှာ အာရုဏ်တက်ချိန်အထိ ရှိနေလျှင်တောင်မှ ခေါင်းမာစွာ ပြန်ရောက်လာဆဲဖြစ်သည်။

သူက ပြတင်းပေါက်ဘောင်ပေါ်တွင် ခြေထောက်ဆန့်တန်းကာ လက်မောင်းအား ခေါင်းအုံးရင်း နောက်သို့ မှီထားသည်။ လရောင်အောက်တွင် သူ၏ ပြီးပြည့်စုံသော အချိုးအစားမှာ တောက်ပနေသည်။ ညအမှောင်ထဲတွင် သူက ဖော်မပြနိုင်လောက်အောင် ဆန်းကြယ်ကာ အထီးကျန်ဆန်လှသည်။ သူက Han Yunxi ၏ အရိပ်အား ငေးကြည့်ရင်း ဖြည်းညင်းစွာ အတွေးထဲ နစ်မြှုပ်သွားတော့သည်။ အဆိပ်ဂိုဏ်း၊ အနောက်ချင်မင်းမျိုးနွယ်၊ မြင့်မြတ်သော မိသားစုကြီးခုနစ်စု၊  Han Yunxi ၏ မိဘများ၊ သူ့ရဲ့ မူဖေး…….

အေးချမ်းသောလရောင်မှာ သူ၏ တည်ငြိမ် ချောမောသော မျက်နှာအား လွှမ်းခြုံထားသော်လည်း အမူအရာကင်းမဲ့သော အပြင်ပန်း အသွင်အပြင်အောက်မှ အတွေးများအား မည်သူမှ မခန့်မှန်းနိုင်ချေ။ ရုတ်တရက် သူက ပြောလိုက်သည်။ “အဒေါ်ရူ ထွက်ခဲ့ပါ..”

အဒေါ်ရူမှာ သူ၏ ပြတင်းပေါက်ရှေ့သို့ အရိပ်ထဲမှ ထွက်လာသည်။ သူမ၏ ဆံပင်ရှည်များမှာ ခေါင်းထက်တွင် ထုံးဖွဲ့ထားသည်။ သူမ၏ လည်ပင်းနှင့် ပုခုံးထက်တွင် အဖြူရောင် ပတ်စည်းများက ပြင်းထန်သည့် ဒဏ်ရာရထားဟန်ဖြင့် စည်းနှောင်ထားသည်။ သူမက ပြတင်းပေါက်ဘောင်တွင် ထိုင်ရန် ပြင်လိုက်သော်လည်း Long Feiye မှာ သူ၏ ခြေထောက်အား ဖယ်ပေးရန် စိတ်ကူးမရှိကြောင်း တွေ့လိုက်ရသည်။ အဆုံးတွင် သူမက မတ်တပ်ရပ်နေရတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now