အခန်း(၃၈၅)

55 14 0
                                    

အခန်း(၃၈၅)

လေးစားရတဲ့ဝမ်ဖေးက အထင်ကြီးလောက်စရာပဲ။






အစေအပါးမှာ Long Feiye ၏ ဓါးပေါ်တွင် သူ၏ အသက်အား စွန့်လွှတ်ရန် ပြင်ဆင်ထားသည်။ Long Feiye မှာ ဤနေရာတွင် တစ်စုံတစ်ယောက်အား သတ်လိုက်လျှင် သူက ဒုက္ခကြီးတွေ့ပြီ ဖြစ်သည်။
သို့သော် Long Feiye မှာ ထိုသူအား ရိုးရှင်းစွာပင် ဓါးပြားဖြင့် ရိုက်ကာ လဲကျသွားချိန်တွင် ကျောပြင်အား ခြေတစ်ဖက်ဖြင့် နင်းထားလိုက်သည်။ သူက လူအုပ်အား ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။ “ဒီအရှင်က အတိအကျကို စပါးပို့ပေးဖို့လာတာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ရှေ့တိုးလာရဲရင် စပါးတစ်စေ့တောင် မရစေရဘူး။”

ဆူပူသောင်းကျန်းနေကြသော လူအုပ်မှာ သူ၏ စကားများကြောင့် ငြိမ်သက်သွားပြီး တစ်ဦးတစ်လေမှ ခေါင်းမဖော်ဝံ့တော့ပေ။ အရှင့်သားချင်ဝမ်က တကယ်ပဲ စပါး ပို့ပေးဖို့ ရောက်လာတာလား။

အဆုံးတွင် ၎င်းမှာ သူတို့က လိုချင်သမျှ ဖြစ်လေသည်။ သူ၏ စကားများကြောင့် မည်သူမှ ထပ်မံ၍ ရုန်းရင်းဆန်ခတ် မပြုလုပ်လိုကြတော့ပေ။ သို့သော် အရာရှိ Yu နှင့် Nanguo Mingde မှာ ကွာခြားသည်။ သူတို့က လူအုပ်ကြားမှ နားလည်မှုရှိစွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ နှလုံးသားတွင်လည်း ထေ့ငေါ့မှုများ ပြည့်နှက်နေသည်။ အထက်လူကြီးတွေက တောင်ပိုင်းမှာ ရှိတဲ့ ချင်ဝမ်ရဲ့ စပါးကျီတွေကို စစ်ဆေးပြီးသွားပြီ--- အဲ့တာက ဘယ်လောက်မှ မကျန်တော့ဘူး။ အရှင့်သားချင်ဝမ်ဆီမှာ ငွေကြေးအများအပြား ရှိနေရင်တောင် ဒီလိုအချိန်မျိုးမှာ စပါးဝယ်လို့ရမယ့်​ နေရာ မရှိဘူး။ တကယ်လို့ သူက မှောင်ခိုဈေးကို သွားခဲ့ရင်တောင် မဖြစ်နိုင်ဘူး။ အဲဒီက ဆန်ဆိုင်ကြီးအများစုက တော်ဝင်ဦးလေးအိမ်တော်က ရောင်းချနေတာပဲ။ သူတို့က အရှင့်သားချင်ဝမ်နဲ့ ဘာလို့ စီးပွားရေး လုပ်ရမှာလဲ။

Nanguo Mingde နှင့် အရာရှိ Yu မှာ သူတို့၏ ပန်းတိုင်မှာ အောင်မြင်သွားသောကြောင့် ပြုံးနေကြသည်။ သူတို့က အငတ်ဘေးသင့်ဒုက္ခသည်များ၏ မကျေမနပ်ဖြစ်နေမှုတွင် မီးစာထည့်ကာ ချင်ဝမ်အား  ပြန်လှည့်၍ မရနိုင်သော လမ်းကြောင်းသို့ ဖိအားပေးနိုင်လိုက်သည်။ သို့သော် သူက ထွက်ပြေးသွားမည့်အစား ထိုစကားများ ပြောနေသည်။ သူက ရိုးရှင်းစွာ ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ။ သူက ဒီစကားတွေကို မဖြည့်ဆည်းနိုင်တာနဲ့ အရပ်သားတွေက ပိုပြီး ဒေါသထွက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့က သူတို့ကို လှုံ့ဆော်ပေးစရာတောင် မလိုလောက်တော့ဘူး။ သူတို့ဘာသာသူတို့ ချင်ဝမ်ကို ခွင့်မလွှတ်နိုင် ဖြစ်သွားကြလိမ့်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now