အခန်း(၂၈၈)

85 16 0
                                    

အခန်း(၂၈၈)

သတင်းပေးနိုင်မှုအတွက် Long မျိုးနွယ်၏ ဆုကြေး။






Long Feiye ၏ ဆုကြေးထုတ်မှုမှာ ဆေးမြို့တော်သာမက တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံးပါ မငြိမ်မသက် ဖြစ်သွားစေသည်။ နေဝင်ခါနီးတွင် Gu Qishao နှင့် Han Yunxi တို့မှာ ဆေးဝါးမြို့တော်တောင်ဘက်ဂိတ်သို့ ရောက်လာခဲ့ပြီး အဝင်ဝတွင် ကြီးမားသော လူအုပ်ကြီးမှ တရုန်းရုန်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။

“ဆေးဝါးမြို့တော်မှာ တစ်ခုခုဖြစ်လို့လား။" Gu Qishao မှာ သိချင်စိတ်များဖြင့် ပြောကာ ရှေ့တိုးသွားလိုက်သည်။ သူက နံရံပေါ်တွင် အလွန်ကြီးမားသော ကြေငြာစာ ဆုကြေးပိုစတာတစ်ခုအား တွေ့လိုက်ရတော့သည်။ ၎င်းတွင် ပုံတူ ပန်းချီတစ်ပုံနှင့် စာအချို့သာ ပါဝင်နေသည်။ ပိုစတာတွင် ရှိသူမှာ အလွန်အမင်း နူးညံ့ချောမောအသွင်အပြင်နှင့် လှပသော မျက်နှာရှိသော်လည်း မျက်ခုံးကြားရှိ ကိုယ်ရည်ကိုယ်သွေးအား မဖုံးကွယ်ထားနိုင်ပေ။ Gu Qishao မှာ တစ်ချက်ကြည့်ရုံဖြင့် ပုံတူမှာ Han Yunxi ဖြစ်ကြောင်း သတိပြုမိသွားတော့သည်။ ပုံတူ၏ အောက်တွင် စာနှစ်ကြောင်းသာ ရှိနေသည်။

ပထမတစ်ကြောင်းအား ဖတ်လျှင် .. အမြန်ပြန်လာခဲ့ မဟုတ်ရင် အကျိုးဆက်ကို လက်ခံရမယ်။

ဒုတိယတစ်ကြောင်းအား ဖတ်လျှင် .. ဤပုဂ္ဂိုလ်အား တွေ့မြင်မိသည့် မည်သူမဆို ချင်ဝမ်အိမ်တော်သို့ သတင်းပို့သင့်သည်။ ရွှေချောင်း ၁၀,၀၀၀ ချီးမြှင့်မည်။

၎င်းတွင် Han Yunxi မှာ မည်ကဲ့သို့ ပျောက်ဆုံးသွားကြောင်း အချက်အလက် မပါဝင်ပေ။ ပိုစတာ၏ မည်သည့်နေရာတွင်မှ ပျောက်ဆုံးနေသည်ဟူသော စကားလုံးပင် ပါဝင်နေခြင်းမရှိပေ။ ချင်ဝမ်မှ ချင်ဝမ်ဖေးအား ရှာဖွေရန် ဆုကြေးထုတ်သည်ကပင် တိမ်တိုက်ကုန်းမြေကြီးအား လှုပ်လှုပ်ရှားရှားဖြစ်စေနိုင်ပြီ ဖြစ်ကာ ကြီးမားသော ဆုကြေးဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ အကယ်၍ ၎င်းမှာ ထိုအချိန်တွင် တိမ်တိုက်ကုန်းမြေကြီး၏ လူပြောအများဆုံး ​အကြောင်းအရာမဟုတ်လျှင် ထူးဆန်းနေတော့မည်ဖြစ်သည်။ သူတို့၏ ပတ်လည်ရှိ လူအုပ်မှာ ခန့်မှန်းချက်များ ထုတ်နေကြသည်။ တစ်ချို့က Han Yunxi မှာ ပြန်ပေးဆွဲခံရသည်ဟု ပြောနေကြပြီး တစ်ချို့မှာ သူမက လျှောက်လည်ရင်း လမ်းပျောက်သွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။ တစ်ချို့မှာမူ ချင်ဝမ်မှာ ထိုအမျိုးသမီးအား ထပ်မံ၍ မလိုချင်တော့သဖြင့် ဧကရာဇ် Taihui အား ရိုးရှင်းစွာ သရုပ်ဆောင်ပြနေသည်လောဟု ထင်မြင်နေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Wo Geschichten leben. Entdecke jetzt