အခန်း(၃၄၀)

69 13 0
                                    

အခန်း(၃၄၀)

စိတ်ပျက်စရာကောင်းလွန်းသော နောက်ဆုံးကောက်ချက်။





သနားစရာကောင်းလိုက်တဲ့ Zhu Zhengyang….

မယ်တော်ကြီး၏ သွေးတစ်ပုံး မှာ သူ၏ ခြေထောက်များအား ပျော့ခွေသွားစေသည်။ ယခုအချိန်တွင် သူက တော်ဝင်သမားတော်Lin ၏ တောင်းဆိုမှုအား သဘောတူခဲ့ခြင်းအပေါ် နက်ရှိုင်းစွာ နောင်တရနေပြီ ဖြစ်သည်။ အမှန်တကယ်တွင် သူက မယ်တော်ကြီးမှာ အဆိပ်သင့်နေခြင်းမဟုတ်ကြောင်း ကိုးဆယ်ရာခိုင်နှုန်း သေချာနေသော်လည်း ကျန်သော ဆယ်ရာခိုင်နှုန်းမှာ သူ့ကိုယ်သူပင် မယုံကြည်ဝံ့ပေ။ သူ၏ နှစ်ပေါင်းများစွာ အဆိပ် ဖယ်ရှားလာသော အတွေ့အကြုံအရ မယ်တော်ကြီး၏ လက္ခဏာများမှာ အဆိပ်သင့်သည်နှင့် ဆင်တူသော်လည်း သူမ၏ သွေးတွင် အဆိပ်ရှိနေသည့် လက္ခဏာအား မတွေ့ရပေ။ ထိုသို့ဆိုလျှင် ဖြစ်နိုင်ချေမှာ နှစ်မျိုးသာ ရှိတော့သည်။ ---သူမက အဆိပ်သင့်မနေခြင်း သို့မဟုတ် သူက အဆိပ်အား ရှာမတွေ့ခြင်းပင်။

Zhu Zhengyang မှာ နန်းတော်မှ နိုင်ငံရေးများအား နားမလည်နိုင်သော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ရန်တော့ နားလည်သေးသည်။ မယ်တော်ကြီးမှာ ဤကဲ့သို့ ပြုမူနေသဖြင့် သူ၏ နောက်ဆုံး ဆယ်ရာခိုင်နှုန်းအပေါ်အမြင်အား သူက သေသည်အထိ ရိုက်နှက်လျှင်ပင် ဖော်ပြတော့မည် မဟုတ်ပေ။

“လေးစားရတဲ့မယ်တော်ကြီး.. မယ်တော်ကြီးရဲ့ သွေးခုန်နှုန်းနဲ့ သွေးက အဆိပ်မရှိဘူးလို့ပဲ ပြနေပါတယ်။" Zhu Zhengyang မှာ အလွန်ထိတ်လန့်နေပြီး သူ၏ ဖြစ်နိုင်သည်မှာ အသေအချာ ငြင်းပယ်မှုသို့ ပြောင်းလဲသွားတော့သည်။ မယ်တော်ကြီးမှာ အလွန်စိတ်ဆိုးဒေါသထွက်နေကာ သူမ၏ ခေါင်းမှာ မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။ သူမ၏ အာရုံအားလုံးမှာ အဆိပ်မရှိပါဘူး ဆိုသည့်စကားတွင်သာ ရောက်နေသည်။ အကယ်၍ သူမက အဆိပ်သင့်နေခြင်း မဟုတ်လျှင် Han Yunxi အား မည်ကဲ့သို့ ကိုင်တွယ်ရပါတော့မည်နည်း။ ၎င်းမှာ သူမက ဤအရာအားလုံးအား အဓိပ္ပါယ်မရှိ ပြုလုပ်နေသည်ဟု သက်ရောက်သွားတော့သည်။

“မဖြစ်နိုင်ဘူး။ အဆိပ်ပဲ ဖြစ်ရမယ်။ အဲ့တာ မဟုတ်ရင် တခြား ဘာဖြစ်နိုင်မှာလဲ။ ရှင်းပြ..” မယ်တော်ကြီးမှာ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Tahanan ng mga kuwento. Tumuklas ngayon