အခန်း(၂၀၆)

88 15 0
                                    

အခန်း(၂၀၆)

မည်သူမျှ မသိသော လူသတ်ရန် ရည်ရွယ်ချက်။






Han Yunxi မှ နားမလည်နိုင်သည်မှာ ကြင်ယာတော်ကြီးYi ၏ အပြုအမူပင် ဖြစ်သည်။ သူမ၏ စိတ်နေစိတ်ထား မြင့်မားမှုမှာ မယ်တော်ကြီးထက်ပင် ထောင်လွှားသည်ဟု တော်ဝင်မိသားစုထဲတွင် ကျော်ကြားလှသည်။ သူမက Murong Wanru အတွက်နဲ့ ဘယ်လို အကြောင်းအရင်းကြောင့် နိမ့်ချနေဖို့ ဆန္ဒရှိနေရတာလဲ။  အစတည်းက Murong Wanru ရဲ့  လက်ထပ်ပွဲက အရှက်ရစရာတစ်ခုပဲ။ ကြင်ယာတော်ကြီးYi လို မျက်နှာအလေးထားတဲ့ သူတစ်ယောက်က ဖြစ်ပျက်သွားတာတောင် မကြာသေးပဲ ဘာမှ မဖြစ်ခဲ့သလို ဘယ်လိုလုပ် ဟန်ဆောင်နေနိုင်ရတာလဲ။ သူမက မြို့ဝန် Pingbei အိမ်တော်ကို မင်္ဂလာမှုပြုပြီး ဆွေမျိုးတော်စပ်နေသလို ဆက်ဆံပေးတဲ့ ပုံစံက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။

အဲ့တာက အရမ်းကို အနစ်နာခံပေးနေတာမဟုတ်ဘူးလား။

ရာထူးခန့်အပ်ရေးဝန်ကြီးတွင် အမှန်တကယ် အာဏာရှိပြီး တတိယအဆင့် အရာရှိတွင် ရာထူးဂုဏ်သိက္ခာရှိနေသည်။ ယခုသူတို့က မျက်နှာသာရဖို့အတွက် မြို့ဝန် Pingbei  အိမ်တော်အား မှီခိုနေသည်။ မြို့ဝန် Pingbei အိမ်တော်က မြင့်တက်လာဖို့အတွက် ကြင်ယာတော်ကြီးYi က သူမရဲ့ အဆင့်အတန်းကိုတောင် နိမ့်ချလိုက်တယ်။ သူမက သူတို့နဲ့ လအနည်းငယ်အတွင်း ရင်းနှီးသွားနိုင်တာကို ဘေးဖယ်လိုက်ရင်တောင် ဒီနေ့  ဤမိသားစုသုံးစုနဲ့အတူ နွေဦးအမဲလိုက်ပွဲ သွားတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့သွားနိုင်တယ်။ သို့ဖြစ်လျှင် မြို့တော်မှ ဤမိသားစုသုံးစု၏ အဆင့်အတန်းမှာ တည့်မတ်စွာ မြင့်တက်သွားနိုင်ပြီး အခြားအင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် မိသားစုကြီးများနှင့် လူမှုဆက်သွယ်ရေးများ ပြုလုပ်လာနိုင်သည်။ ကြင်ယာတော်ကြီးYi က Murong Wanru အတွက် ဒီလိုမျိုးလုပ်နိုင်ပေမယ့် ချင်ဝမ်နဲ့ကော ဆွေးနွေးရဲ့လား။  ချင်ဝမ်က Zhangsun Che အတွက် လူမှုစီမံရေးဝန်ကြီးဌာနမှာ ရာထူးရအောင် ကိုယ်တိုင်လုပ်ပေးခဲ့ပြီးသွားပြီ။ အဲ့တာ မလုံလောက်သေးဘူးလား။

လက်ရှိတွင် ချင်ဝမ်အိမ်တော်မှ ခံစားနေရသည့် ရိုသေလေးစားမှု အကုန်လုံးမှာ Long Feiye ၏ တည်ရှိနေမှုကြောင့် ဖြစ်သည်။ သူ မရှိလျှင် ကြင်ယာတော်ကြီးYi ၏ မြင့်မားနိုင်မှုမှာလည်း အတိတ်မှ လေးစားရတဲ့တော်ဝင်ကြင်ယာတော်တစ်ယောက်ထက် မပိုနိုင်ပေ။ မျှော်လင့်ထားသည့်အတိုင်း နေထိုင်ရန် ကျရှုံးသွားသည့် မွေးစားသမီးတစ်ယောက်အတွက်နှင့် သူမက သူမ၏ ကိုယ်ပိုင် လူမှုအဆင့်အတန်းအား နိမ့်ချလိုက်သည်။ ၎င်းမှာ သူမ၏ ပုံမှန် အကျင့်စရိုက်နှင့် ကိုက်ညီသည့် လူတစ်ယောက်၏ အပြုအမူ မဟုတ်ပေ။ Han Yunxi မှာ​ ​အဖြေမရှိသော မေးခွန်းရာပေါင်းများစွာနှင့် ပြည့်နေသည်။ ကြင်ယာတော်ကြီးYi မှာ Murong Wanru မှ အိမ်ထောင်ကျသွားပြီးနောက် ပို၍ပင် မျက်နှာသာပေးသည်နေဟု သူမက မှေးမိန်စွာ ခံစားလိုက်ရသည်။ လှည်းပေါ်တက်ချိန်တွင်ပင် Han Yunxi မှာ မျက်ခုံးများ တွန့်ထားမိဆဲဖြစ်သည်။ ထိုစဉ် Murong Wanru မှာ မြို့ဝန် Pingbei ၏ လှည်းတွင် ထိုင်ခြင်း မရှိပဲ သူမတို့ထဲ ဝင်လာသည်။ သူမက ကြင်ယာတော်ကြီးYi ၏ လက်အား ကိုင်ကာ ဘေးတွင်ပင် ထိုင်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now