အခန်း(၂၄၄)

87 14 1
                                    

အခန်း(၂၄၄)

မနက်ဖြန်ည။ ငါမင်းကို ငါနဲ့ ခေါ်သွားမယ်။





ခိုးပြေးမယ်။ မဖြစ်နိုင်တာ…

သေသင့်တဲ့ Gu Qishao…။ထွက်ပြေးတာက တစ်ခုဆိုပေမယ့် သူမကို အခုလို ကျဉ်းထဲကြပ်ထဲ ရောက်သွားအောင် လုပ်ခဲ့သေးတယ်။ Han Yunxi မှာ အစောမှ သတ္တိများအား ခံစားလိုက်ရပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဝမ်ရယ်က နားလည်မှုလွဲနေတာပါ။ Gu Qishao က စနောက်သွားတာပါ။"

“နောက်နေတယ်… နောက်တာက လက်ရောပါတာလား။" Long Feiye မှာ အေးစက်စွာ မေးလိုက်သည်။

လက်ပါတယ်……

Han Yunxi  မှာ စဉ်းစားပြီးရင်း စဉ်းစားသော်လည်း  Long Feiye မှာ ထိုကဲ့သို့ စကားအား မည်သည့် အတွက်ကြောင့် ပြောလာကြောင်း နားမလည်နိုင်ပေ။ “ဝမ်ရယ်.. တစ်နေရာရာမှာများ နားလည်မှု လွဲနေတာလား။"

“နောက်တာ.. ဟာသတစ်ခုက အချိုမုန့် ခွံ့ကျွေးတာကော ပါတာလား။"

ထိုအချိန်မှသာ Han Yunxi မှာ နားလည်သွားတော့သည်။ အံ့အားတကြီးဖြင့် သူမက အော်လိုက်သည်။ “ ရှင်က ကျွန်မတို့နောက်ကို တစ်ချိန်လုံးလိုက်နေတာပဲ။" သူက မြန်မြန်ဆန်ဆန်နဲ့ စေ့စေ့စပ်စပ် ပြင်ဆင်ပြီး ရောက်လာတာ မထူးဆန်းတော့ဘူး။ သူက အနားမှာ တစ်ချိန်လုံး တိတ်တဆိတ်ရှိနေပြီး အကုန်သိနေတာပဲ။

“မင်းရဲ့အရှင်ရဲ့ မေးခွန်းကိုဖြေ။" Long Feiye ၏ ဒေါသမှာ ကောင်းကင်ထိ ရောက်နေသည်။ သူတို့၏ ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေကြသော်လည်း သူက အနည်းငယ်မှ အာရုံမစိုက်နိုင်ပေ။

“ရှင်ဘာလို့ ကျွန်မနောက်ကို လိုက်နေတာလဲ။" ထိုအစား Han Yunxi မှာ မေးခွန်းထုတ်လိုက်သည်။ သူမကလည်း စိတ်ဆိုးလာပြီ ဖြစ်သည်။

“Han Yunxi က မင်းက တကယ်ပဲ  Gu Qishao အတွက် မင်းရဲ့ အရှင်ကို အဆိပ်ခတ်ဝံ့တယ်။ ဘယ်လို စွမ်းရည်မျိုးလဲ။" ယခုတွင် Long Feiye မှာ အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးများတွင် ထေ့ငေါ့မှုများ ပြည့်နှက်လာသည်။

Han Yunxi  မှာ ထိုမြင်ကွင်းအား သတိရသွားပြီးနောက် အလျင်အမြန် ရှင်းပြလိုက်သည်။ “ဝမ်ရယ် ကျွန်မနဲ့ Gu Qishao ကြားထဲမှ တကယ်ပဲ ဘာမှ မရှိပါဘူး။ ကျွန်မက သူ့ကို အကူအညီတောင်းဖို့ သွားရှာခဲ့ရုံတင်။ ကျွန်မ…”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now