အခန်း(၃၄၈)

82 13 0
                                    

အခန်း(၃၄၈)

မင်္ဂလာပွဲ။ သတင်းထူး။






Chu Xifeng မှာ Gu Beiyue အား ကုအိမ်၏ တံခါးများအထိ ပို့ဆောင်ပြီးနောက် ပြန်လာခဲ့လိုက်သည်။ ထိုအမျိုးသားက အရာအားလုံး အဆင်ပြေနေသည်အား မြင်လျှင် သူက သခင်ဖြစ်သူ၏ အမူအရာအား အမှန်တကယ်ပဲ မြင်ချင်လှသည်။ သူက မြင်ရသလောက် Han Yunxi မှာ အရှင့်သား ချင်ဝမ်အား စိတ်ဆိုးစေရန် မည်သည့်အရာမှ ကြိုးစား၍ ပြုလုပ်ရန် မလိုအပ်ပေ။ သူမက Gu Beiyue အား ကယ်တင်လိုက်သော အချက်ကပင် သူ၏ ကန့်သတ်ချက်အား စမ်းသပ်နိုင်ရန် လုံလောက်သည်။ သူက Long Feiye မှာ သူ၏ စာများအား ငြိမ်းချမ်းစွာ ဖတ်နေသည်အား မြင်လျှင် အံ့အားသင့်သွားတော့သည်။ ဂရုတစိုက်ဖြင့် သူက ပြောလိုက်သည်။ “အရှင့်သား Gu Beiyue က လုံလုံခြုံခြုံ ပြန်သွားပါပြီ။"

“အင်း..” Long Feiye မှာ ညင်သာစွာ တုံ့ပြန်လိုက်သည်။

ဒါပဲလား….

Chu Xifeng မှာ စတင်ကာ သံသယဝင်လာသည်။ ဒါက အဓိပ္ပါယ်မရှိဘူး!!! အရှင့်သားမှာ Gu Beiyue အား အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး သူ့အား စမ်းသပ်ရန် ဤအခွင့်အရေးအား အရယူခဲ့သည်။ သူက အောင်မြင်ရန် ကြီးမားစွာ ပေးဆပ်ရခဲ့သော်လည်း ကျရှုံးမှုအားသာ မြင်လိုက်ရသည်။ အရှင့်သားက နည်းနည်းလေးတောင် စိတ်မတိုဘူးလား။ ငါသွားတုန်းက ဘာဖြစ်သွားတာလဲ။

Chu Xifeng မှာ ပြန်ထွက်လာသည်နှင့် ပါးစပ်မပိတ်နိုင်အောင် ပြုံးဖြီးနေသော  Zhaoမားမားအား သွားရောက် ရှာဖွေလိုက်သည်။

“လေးစားရတဲ့ဝမ်ဖေးက တကယ်ပဲ အရှင့်သားကို ကိုင်တွယ်ဖို့ နည်းလမ်းရှိတယ်။"

“ကြွားနေတာ မဟုတ်ဘူးလား။ ဘာဖြစ်ခဲ့တာလဲ။"  Chu Xifeng မှာ မယုံကြည်နိုင်ပေ။ အရှင့်သားချင်ဝမ်မှာ နှစ်သက်သော တစ်စုံတစ်ယောက်ဖြင့် တွေ့ရချိန်တွင်ပင် တည်ငြိမ်သည့် အကျင့်စရိုက်ရှိသူဖြစ်သည်။

“လေးစားရတဲ့ဝမ်ဖေးက အရှင့်သားကို အပြည့်အဝ စိတ်ဆိုးပြေသွားအောင် လုပ်နိုင်တဲ့ အဆုံးစွန်ဆုံး နည်းလမ်းတစ်ခု ရှိတယ်။” Zhaoမားမားမှာ အလွန် ပျော်ရွှင်တက်ကြွနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Donde viven las historias. Descúbrelo ahora