အခန်း(၂၉၂)

82 14 0
                                    

အခန်း(၂၉၂)

ပြင်းထန်သည့် မိုးသက်မုန်တိုင်း။





Long Feiye မှာ အေးစက်သော အမူအရာဖြင့် ရှေ့သို့ လျင်မြန်စွာ လျှောက်သွားလျှင် Wang Ruochen နှင့် Wang Shuchen တို့မှလည်း အမှီလိုက်ရန် အပြေးအလွှား လိုက်သွားကြရသည်။ Long Feiye မှာ ဖခင်ဖြစ်သူနှင် မိတ်ဆွေကောင်းဖြစ်နေမှန်း ညီအစ်ကိုနှစ်ယောက်မှာ သိထားသော်လည်း သူတို့ကိုယ်သူတို့ ကြီးကျယ်စွာ ယူဆထားသည့် ထိုသားများမှာ အေးစက်သော ချင်ဝမ်နှင့် တွေ့ဆုံရန် အခွင့်အရေး မရှိခဲ့ပေ။ ဤသည်မှာ သူတို့၏ ပထမဆုံးတွေ့ဆုံမှုဟု ယူဆနိုင်သည်။

အကယ်၍ သူတို့က Long Feiye ၏ ထောက်ပံ့မှုအား ရနိုင်လျှင် နောက်တက်မည့် မျိုးနွယ်ခေါင်းဆောင် နေရာအတွက် ရုန်းကန်ရမှုတွင် အသေအချာပင် အနိုင်ရနိုင်သည်။ Wang Ruochen မှာ အပြေးအလွှားလိုက်လာပြီး ဧည့်သည့်အား ချော့မော့ရန် ကြိုးပမ်းနေသည်။ “အရှင့်သားချင်ဝမ် အဲ့ဒီ ရှဥ့်လေးက ထူးခြားတဲ့ ဇာတ်မြစ်ရှိရမယ် ဟုတ်တယ်မလား။"

Long Feiye မှာ ပြန်မဖြေပေ။

“အရှင့်သား ဒီရှဥ့်လေးကို ပုံမှန်ဆို ဆေးဝါးပဲ ကျွေးတာလား။"  Wang Shuchen မှ ထပ်မံမေးမြန်းလိုက်သည်။

Long Feiye မှာ တိတ်ဆိတ်နေဆဲပင်။

Wang Ruochen မှာ အနည်းငယ်ရှက်ရွံ့နေပြီးနောက် အနေခက်စွာ ရယ်လိုက်သည်။ “ဟီးဟီးဟီး ဒီလို ကစားစရာလေးကို အရှင့်သား ချင်ဝမ်ကပဲ ပျိုးထောင်ဖို့ တတ်နိုင်လိမ့်မယ်။"

ကောင်းပြီ… အမှန်ဆိုရလျှင် Long Feiye မှာ သူတို့အား နားထောင်နေခြင်း မရှိပေ။ Wang Ruochen မှာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “အရှင့်သား အနောက်ကျိုး ချူမျိုးနွယ်က Chu Qingge က အရှင့်သားကို ဧည့်ခန်းမှာ စောင့်နေပါတယ်။"

Long Feiye မှာ သူ့အား ကြည့်ပင် မကြည့်ပဲ အဖြေလဲ မပေးလာချေ။ Wang Ruochen မှာ မကျေမနပ် ခံစားလိုက်ရပြီး Wang Gong အား ထည့်ပြောလိုက်သည်။ “အရှင့်သား ကျွန်တော့်အဖေကလည်း ဒီရှဥ့်လေးကို စိတ်ဝင်စားနေတယ်။ သူက ကျွန်တော်တို့ကို သေချာ ဂရုစိုက်ပေးထားဖို့တောင် မှာသွားတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now