အခန်း(၃၁၉)

78 16 0
                                    

အခန်း(၃၁၉)

ကမ္ဘာကြီးက မင်းထင်ထားတာထက် ကျယ်ပြန့်တယ်။



ညဥ့်နက်ချိန်မှာ အလွန်တိတ်ဆိတ်ကာ ချင်ဝမ်အိမ်တော် ခေါက်ရမ်းခြံဝန်းမှာ ပို၍ပင် တိတ်ဆိတ်လှသည်။ အဝေးမှ ကြည့်လျှင် ဆိတ်ငြိမ်တိမ်တိုက်ဆောင်၌ မီးလင်းနေကာ ပြတင်းပေါက်တစ်ခုတွင် ရပ်နေသည့် Han Yunxi အား မြင်နေရသည်။ Long Feiye  မှာ ပန်းဥယျာဉ်ထဲရှိ လျှောက်လမ်းတွင်  အချိန်အတော်ကြာ ရပ်နေပြီး ကြည့်နေသည်။ သူက အနည်းငယ်တုံ့ဆိုင်းနေဟန် ရှိသော်လည်း သူမ၏ အဆောင်သို့ သွားရောက်ခြင်းဖြင့် အဆုံးသတ်သွားလေသည်။ Han Yunxi မှာ သူက ခြံဝန်းထဲသို့ ဝင်မလာခင်ကပင် သတိပြုမိထားသည်။ သူမက လှေကားမှ အလျင်စလို ဆင်းလာပြီး သူ့ထံသို့ အပြုံးဖြင့် ပြေးသွားလိုက်သည်။

“ရှင်ပြန်လာပြီ။"

သူက ထွက်သွားကတည်းက သူမက စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူမက စိတ်ကူးလိပ်ပြာအိပ်မက်အား ထပ်မံ​လေ့လာရန် စိတ်ကူးထားသော်လည်း သူမနှလုံးသားမှာ တုန်ရင်နေပြီး အထူးသဖြင့် Zhao မားမားမှ Tang Zijin မှ ရောက်လာသည်ဟု ပြောချိန်တွင်ပင်။ Tang Zijin မှာ Long Feiye ၏ ဦးလေးဖြစ်ကာ ထန်မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ သူက အဒေါ်ရူနှင့် တဖက်တည်း ရပ်တည်လောက်သည်။ အမှန်ဆိုရလျှင် ထိုအမျိုးသမီးမှာ အဘယ်ကြောင့် သူမအား အလွန်ရန်လို နေမှန်း Han Yunxi မှာ နားမလည်နိုင်ပေ။ Han Yunxi မှာ ယခင်က Tang Zijin အား မတွေ့ခဲ့ဖူးသော်လည်း သားဖြစ်သူအား အတင်းအကျပ် ထိမ်းမြားပေးရန် ကြိုးပမ်းနေသော အချက်ကပင် သူ့အား ကြီးမြတ်သော လူတစ်ယောက်မဟုတ်နိုင်ကြောင်း သူမအား စဉ်းစားမိစေသည်။ Long Feiye မှာ ထိုပြတင်းပေါက်တွင် Han Yunxi မှာ တစ်ချိန်လုံးစောင့်နေကြောင်းတော့ မသိခဲ့ပေ။

လက်ရှိတွင် သူမက ပျော်ရွှင်မှုများ ပြည့်နေသော်လည်း သူက တည်ငြိမ်နေဆဲပင်။ သူက ခေါင်းငုံ့လာကာ စာကြည့်ခန်းထဲသို့ ဝင်သွားသည်။ သူက အမြဲတစေ အေးစက်ကာ တည်ငြိမ်နေတတ်သော်လည်း Han Yunxi  မှာ သူက စိတ်အ​ခြေအနေ ဆိုးရွားနေကြောင်း ခံစားမိနေသည်။

သူမက အထဲသို့ လိုက်ဝင်ကာ မေးလိုက်သည်။ “ထန်မျိုးနွယ်… တစ်ခုခု ဖြစ်လို့လား။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now