အခန်း(၃၉၆)

46 13 0
                                    

အခန်း(၃၉၆)

ရိုးဖြောင့်သော နှလုံးသား။







Long Feiye မှာ အနက်ဆုံးဆောင်းတွင်းထက် အေးစက်နိုင်သော်လည်း သူ၏ လက်များမှာမူ ပူနွေးနေသည်။ သူမမျက်လုံးများနှင့် ထိကပ်လာသော နွေးထွေးမှုမှာ Han Yunxi အား မည်သည့်အချိန်မှ မျက်လုံးမဖွင့်ချင်တော့ပေ။ ထိုအမျိုးသား၏ တည်ရှိမှုအား သူမမျက်လုံးများဖြင့် မြင်ရခြင်းထက် အခြားသောခံစားမှုများမှ သိရှိရခြင်းက ပို၍ ကောင်းမွန်လေသည်။ သို့တိုင် ၎င်းမှာ ထာဝရ မတည်မြဲနိုင်ကြောင်း သူမက သိနေသော်လည်း ထိုခံစားရမှုအား အနည်းငယ်ပို၍ ကြာမြင့်နေရန် တောင့်တမိသည်။ မျက်လုံးများမှိတ်ထားပြီး Han Yunxi မှာ ရှားပါးလှသော နွေးထွေးမှုအား ပျော်ရွှင်နေကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။

မထင်မှတ်စွာပင် Long Feiye မှာ သူမအား မင်းသမီးလေးကဲ့သို့ ပွေ့ချီကာ ခြေလှမ်းကျယ်ကြီးများဖြင့် တံခါးဆီသို့ လျှောက်သွားလေသည်။ "မင်းမျက်လုံး မဖွင့်နဲ့ဦး။"

တကယ်ပဲ အံ့သြစရာ ရှိနေတာလား။ Han Yunxi မှာ ခရီးစဉ်တစ်လျှောက်လုံး မျှော်လင့်နေခဲ့သော်လည်း လက်တွေ့ဖြစ်လာချိန်တွင် သူမက အံ့အားသင့်နေတော့သည်။ သူမအား ပွေ့သွားခွင့်ပေးထားကာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး မျက်လုံးများအား တင်းကျပ်စွာ မှိတ်ထားလိုက်သည်။

သူက သူမအား ပွေ့ချီထားကာ အချိန်အတော်ကြာ လမ်းလျှောက်သွားခဲ့သည်။ Long Feiye ၏ ခြေသံများမှ လွဲ၍ Han Yunxi မှာ မည်သည့်အသံမှ မကြားရချေ။ သူက သူမအား ညင်သာစွာ ချပေးလိုက်ချိန်အထိ လမ်းတစ်လျှောက်လုံး ရင်ထဲတွင် သူမနှလုံးသားမှာ ခုန်ပေါက်နေခဲ့သည်။

"ဝမ်ရယ် အခုကျွန်မ မျက်လုံးဖွင့်လို့ရပြီလား။" Han Yunxi မှာ သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။.

"အင်း.." Long Feiye မှာ သဘောတူသည့်အနေဖြင့် ရေရွတ်လိုက်သည်။

Han Yunxi ၏ မျက်ခွံများမှာ ချက်ချင်းပင် ပွင့်လာပြီးနောက် သူမရှေ့ရှိ မြင်ကွင်းကြောင့် စကားမဆိုနိုင်တော့ပေ။ "ဒါက အရမ်းလှတယ်။" သူမက ပျော်ရွှင်စွာ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now