အခန်း(၃၁၅)

87 18 0
                                    

အခန်း(၃၁၅)

မင်းကို အဆိပ်ပေးဖို့ လွှတ်လိုက်တယ်…




စည်းမျဉ်းများအရဆိုလျှင် တော်ဝင်သမားတော်ခြံဝန်းရှိ သမားတော်များမှာ အချိန်ကြိုတင်၍ ခွင့်မတောင်းထားလျှင် အလှည့်တာဝန်ဖြင့် နေထိုင်ရန် လိုအပ်သည်။ သမားတော်များမှာ အမြဲတစေ ဆင့်ခေါ်ခံရပြီး အချိန်မရွေး ခေါ်ယူခံရနိုင်သည်။ သို့တိုင် Han Yunxi ၏ ထူးခြားသော အဆင့်အတန်းကြောင့် ဧကရာဇ် Taihui မှာ သူမအား ဘွဲ့တစ်ခုပေးခြင်းအထိသာ လုပ်နိုင်သည်။ သူမက သဘောရှိသကဲ့သို့ လုပ်ဆောင်ရန် လွတ်လပ်ဆဲဖြစ်သည်။ မနက်ဖြန်အတွက် တော်ဝင်သမားတော်ခြံဝန်းသို့ သွားရောက်ရန် Long Feiye ၏ ပြောဆိုမှုမှာ အနောက်ဘက် တောင်တန်းကိစ္စနှင့် မည်သို့ ပတ်သက်နေမှန်း Han Yunxi မှ မသိထားပေ။ သူမက နောက်တစ်နေ့ မနက်တွင် စောစောထကာ တော်ဝင်သမားတော်ခြံဝန်းသို့ တည့်မတ်စွာ သွားလိုက်သည်။

ဤတစ်ကြိမ်တွင် သူမက Gu Beiyue အား တွေ့​ရလေသည်။ နေက အရှေ့အရပ်မှ ထွက်လာစအချိန်တွင် Gu Beiyue မှာ ဆေးပေးခန်း၏ ဝင်ပေါက်ရှေ့တွင် ရပ်နေသည်။ သူ၏ တစ်ကိုယ်လုံးအား နေအလင်းရောင်က ဖြာကျနေပြီး အဖြူရောင်ဝတ်ရုံမှာ အမည်မရှိသော မင်းတစ်ပါး၏ ရွှေကဲ့သို့ တောက်ပနေကာ မြင့်မြတ်သော အလင်းတန်းကဲ့သို့ပင်။ Han Yunxi မှာ သူ့အား နေမင်းနှင့်အတူ ငေးကြည့်လိုက်ပြီး နတ်သားတစ်ပါးအား ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။

သူမက မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ထိုအမျိုးသားအား ကြည့်လိုက်သည့် အချိန်တိုင်း လှပမှုအား ခံစားရသည်။ သူမ၏ စိတ်အခြေအနေပင် တိုးတက်ကောင်းမွန်လာသည်။

မကြာခင်ပင် Gu Beiyue မှာလည်း Han Yunxi အား မြင်လျှင် အလျင်အမြန် လမ်းလျှောက်လာသည်။ သူက သန့်စင်ကာ မြင့်မြတ်လှသည်။ “ဒီအရာရှိက လေးစားရတဲ့ဝမ်ဖေးကို နှုတ်ဆက်ပါတယ်။"

“Gu Beiyue ကျွန်မက ဒီအတိုင်း ရုံးတော်က သမားတော်ပါပဲ။ ရှင်က ဦးစီးလေ။ အခု ကျွန်မက ရှင့်ရဲ့ လက်အောက်ငယ်သားမလို့ ကျွန်မကသာ ရှင့်ကို နှုတ်ဆက်သင့်တာ မဟုတ်ဘူးလား။" Han Yunxi မှာ ကျီစယ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now