အခန်း(၃၁၂)

74 20 0
                                    

အခန်း(၃၁၂)

မယ်တော်ကြီး၏ မွေးနေ့စားပွဲ (၆)





လူတိုင်းမှာ ဝိုင်အရသာခံရင်း အကနှင့် သီချင်းအား ခံစားနေကြသည်။ အုပ်စုနှစ်စု သုံးစုလောက် ကွဲပြားကာ ခန်းမထဲတွင် စကားစမြည်ပြောနေကြသည်။ Chu Qingge ၏ ကျယ်လောင်သော အသံမှာ အာရုံစိုက်မှုများအား ဆွဲဆောင်နိုင်မည်မဟုတ်သော်လည်း ချင်ဝမ်ဖေးဟု ခေါ်လိုက်သည်နှင့် လူတိုင်း၏ အာရုံစိုက်မှုအား ရရှိလိုက်သည်။ ၎င်းမှာ မတတ်သာပေ။ Han Yunxi မှာ အရာအားလုံး၏ အလယ် ရောက်သွားပြန်သည်။ ထို့အပြင် သူမ၏ ဘေးရှိသူမှာ ဤစားပွဲအား ရုတ်ရုတ်သဲသဲ ဖြစ်အောင် ဖန်တီးထားခဲ့သောကြောင့် သူမ နာမည်အား စိတ်မဝင်စားရန် ခက်ခဲလှသည်။ နောက်တစ်ကြိမ် လှုပ်ရှားနေသော ခန်းမမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ ဧကရာဇ်Taihui နှင့် မယ်တော်ကြီးမှာလည်း Chu Qingge အား လှမ်းကြည့်လိုက်သည်။ ၎င်းမှာ အတိအကျ သူမလိုချင်တာပင်။

Han Yunxi မှာ အတွေးများသွားတော့သည်။ Chu Qingge မှာ စားသောက်ဆိုင်မှ အဖြစ်အပျက်အတွက် သူမအား အခွင့်အရေးယူကာ လက်စားချေမည်မှန်း သိထားသော်လည်း ဤနေရာတွင် ခေါ်လာမည်ဟု မထင်မှတ်ထားပေ။ Chu Qingge မှာ မည်သည့်အရာအား တွေးနေမှန်း သူမက မသိနိုင်ပေ။ ဤနေရာမှာ မယ်တော်ကြီး၏ မွေးနေ့စားပွဲဖြစ်သော်လည်း လက်တွေ့တွင် အမျိုးသားများမှ စကားပြောရန် နေရာဖြစ်သည်။ အမျိုးသမီးတစ်ယောက်ဖြစ်သော သူမက အဘယ်ကြောင့် အရှုပ်အထွေး လုပ်ချင်ရပါသနည်း။

"ဘာလဲ။" သူမက အေးစက်စွာ မေးလိုက်သည်။

"ထျန်းနင်မှာ ချင်ဝမ်ဖေးရဲ့ စွမ်းရည်က ထိပ်တန်းပါပဲ။ ကျွန်မတို့ရဲ့ မင်းသမီး တွမ်မုတောင် ရှင့်ရဲ့ လက်ထဲမှာ အရှုံးပေးခဲ့ရတယ်။ အခုဆို တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံးက မင်းသမီးတွမ်မုရဲ့ စွမ်းရည်က ချင်ဝမ်ဖေးကို မယှဉ်နိုင်ဘူးလို့ ပြောနေကြပြီ။" Chu Qingge မှာ အပြုံးဖြင့် ပြောလိုက်သည်။

သူမ၏ ဘေးရှိ Duanmu Baiye ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ ဒီမိန်းမက ဘာလုပ်နေတာလဲ။ ဘာကိစ္စနဲ့ အခုလိုအချိန်မှာ Yao Yao ကို ထည့်ပြောနေရတာလဲ။ Yao Yao က မျက်နှာပျက်ရတာ မလုံလောက်သေးဘူးလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now