အခန်း(၃၈၉)

58 13 0
                                    

အခန်း(၃၈၉)

ဝမ်ဖေး သိလို့ရမဘူး။






အရာရှိ Yu မှာ အမှန်ကတယ်ပင် သေဆုံးစကားများ အပြင် ပြောစရာမကျန်တော့ပေ။ ရက်အနည်းငယ်အတွင်း Han Yunxi မှာ အရာရှိ Yu ၏ ပါးစပ်မှ ဘေးသင့်ဒေသသုံးခုသို့ ပို့သော စပါးပမာဏနှင့် အငတ်ဘေးဒုက္ခသည်များထံ ရောက်ရှိလာသော အမှန်တကယ်ပမာဏအား ရရှိခဲ့ပြီး ဖြစ်သည်။ ကံမကောင်းစွာဖြင့် အရေအတွက် နှစ်မျိုး၏ ကွာခြားချက်မှာ တော်ဝင်ဦးလေး၏ လက်ထဲမှ ပမာဏဖြင့် အတိအကျ ကိုက်ညီနေသည်။ Han Yunxi မှာ အရာရှိ Yu အား စိတ်ရှုပ်ခံကာ မည်သူက စပါးအလွဲသုံးစား လုပ်ခဲ့ကြောင်း မမေးတော့ပေ။ သူတို့က ထိုအမျိုးသား၏ သက်သေခံလက်မှတ်အား ဧကရာဇ် Taihui ထံ လွှဲပေးပြီးနောက် တော်ဝင်ဦးလေးနှင့် မှောင်ခိုဈေးမှ Lin မျိုးနွယ် ဆန်ဆိုင်တို့၏ ဆက်နွယ်နေမှုအား အစီအရင်ခံလိုက်လျှင် တော်ဝင်ဦးလေးမှာ သူ့ကိုယ်သူ ရှင်းပြရင်း ဂရုစိုက်ရတော့မည်။ သူတို့က ဤအကြပ်အတည်းမှ ဆန်းကြယ်ကာ အဓိပ္ပါယ်မဲ့သော ရှင်းပြချက်အချို့အားပင် ကြားနိုင်လိမ့်မယ်။

အသေအချာပင် Long Feiye မှာ သက်သေများအား ကိုယ်တိုင်တင်သွင်းရန်အထိ ရူးမိုက်နေသူ မဟုတ်ပေ။ အကယ်၍ သူက ရိုးရှင်းစွာ တင်သွင်းလိုက်လျှင် ဧကရာဇ် Taihui မှာ သက်သေအား ကြည့်ရုံသာ ကြည့်နိုင်သည်။ တော်ဝင်ဦးလေး၏ မြင့်မားသော အဆင့်အတန်းနှင့် သြဇာအာဏာကြောင့် ဧကရာဇ် Taihui မှာ ထိုသူအား ထိပါးမည်လားဆိုခြင်းမှာ အာမခံချက် မရှိပေ။ သို့သော် သူက သက်သေများ ပို့ဆောင်ရန် အခြားတစ်ယောက်အား အသုံးချလိုက်ပါက ကိစ္စများမှာ ကွဲပြားသွားပြီ ဖြစ်သည်။ Han Yunxi မှာ ထိုကိစ္စအတွက် Long Feiye မှာ Long Tianmo အား လက်ငှားမည်ဟု ယူဆခဲ့သည်။ သူက Long Tianmo ၏ တော်ဝင်ဦးလေးအိမ်တော်အပေါ် ဆိုးရွားသော အမြင်နှင့် သဘောထားအား မည်သူထက်မဆို ရှင်းလင်းစွာ သိနေသူ ဖြစ်သည်။ ထိုအစား Long Feiye မှာ ပြောလိုက်သည်။ “Chu Xifeng သက်သေအကုန်လုံးစုပြီး စစ်သူကြီး Mu ဆီ ဆီပို့လိုက်။"

စစ်သူကြီး Mu…

Han Yunxi မှာ မှင်သက်သွားသည်။ ငါတို့က စစ်သူကြီးမူကိုလည်း အသုံးပြုနိုင်တယ်ဆိုတာ ဘာလို့ သတိမရတာလဲ။ စစ်သူကြီးမူမှာ သမီးဖြစ်သူအား ခန်းဝင်လက်ဖွဲ့အနည်းငယ်ကြောင့် အိမ်ထောင်ချပေးခဲ့ခြင်းမဟုတ်ပဲ အခြေချရန် အိမ်ရာကောင်း ရရှိစေရန်အတွက် ဖြစ်သည်။ သူ၏ အကြောင်းပြချက်မှာ မုန်းစရာကောင်းလှသော်လည်း ယုတ္တိကျနေပြန်သည်။ ထိုကဲ့သို့ ကိစ္စများတွင် မိဘတစ်ယောက်၏ နှလုံးသားမှာ သနားစရာကောင်းလှသည်။ အကယ်၍ သူတို့က စစ်သူကြီးMu ထံ တော်ဝင်ဦးလေးအား အသာစီးယူနိုင်မည့် အခွင့်အရေးအား ပေးလိုက်လျှင် အိမ်ရှေ့စံနှင့် တော်ဝင်ဦးလေးကြားရှိ တင်းကျပ်သော နှောင်ကြိုးမှာ တစ်ကြိမ်တည်းဖြင့် ပြတ်တောက်သွားနိုင်ကာ အိမ်ရှေ့စံမှာလည်း အပြစ်ကင်းသူ ဖြစ်လာနိုင်သည်။ မူမျိုးနွယ်မှာလည်း အကျင့်ပျက်နေသော တော်ဝင်ဦးလေးနှင့် ပတ်သက်မှုရှိနေသည့်အတွက် ကျိန်ဆဲခံရတော့မည် မဟုတ်ပေ။ ဝမ်ရယ်က စစ်သူကြီးMu ကို အခွင့်အရေး ပေးလိုက်ရုံတင်မဟုတ်ပဲ စစ်သူကြီးအိမ်တော်တစ်ခုလုံးကို အကြီးကြီး မျက်နှာသာပေးလိုက်တာပဲ။ တကယ်လို့ စစ်သူကြီးအိမ်တော်က ဒီကိစ္စပြီးလို့ အိမ်ရှေ့စံနဲ့ မဟာမိတ်တွေဖြစ်လာရင်တောင် သူတို့က ချင်ဝမ်ကို ဒဲ့တိုး စိန်မခေါ်ဝံ့သေးဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now