အခန်း(၃၉၈)

101 21 0
                                    

အခန်း(၃၉၈)

အပြတ်အသတ် အနိုင်ရခြင်း။







ငါးဖမ်းကျွန်းတွင် ရှည်လျားသော ငါးဖမ်းရာသီ ရှိလေသည်။ သို့တိုင် Long Feiye တို့ အုပ်စုမှာ အတော်လေး စောစီးစွာ ရောက်လာပြီး မြောက်ပိုင်းလီ တော်ဝင်မျိုးနွယ်မှာလည်း စောစီးစွာ ရောက်လာသည်။ မြောက်ပိုင်းလီက လူတွေက ကျွဲနွားအုပ်တွေနဲ့  ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းနေကြတာမလို့ ငါးဆိုတာ သူတို့ရဲ့ အစားအသောက်မှာ ဖြည့်စွက်အစာအနေနဲ့တောင် ထည့်တွက်လို့ မရဘူး။ နှစ်သစ်ကူးပြီးပြီးချင်း မြောက်ပိုင်းလီတော်ဝင်မျိုးနွယ်က တစ်ယောက်က ဒီမှာ ဘာလုပ်နေတာလဲ။

ပြီးတော့ ဘယ်တော်ဝင်မျိုးနွယ် ဖြစ်မလဲ။

ငါးဖမ်းကျွန်းတစ်ကျွန်းလုံးတွင် ခိုင်မာသော ဆိပ်ကမ်းတစ်ခုသာရှိပြီး ကျွန်း၏ အနောက်ဘက်တွင် ရှိနေသည်။ ၎င်းမှာ အလွန်ကျဉ်းမြောင်းသော နေရာဖြစ်ကာ အရင်ရောက်သွားသော စစ်သင်္ဘောမှာ အခြားတစ်စင်းအား ရေပြင်ပေါ်တွင်သာ အကူအညီမဲ့စွာ ရှိနေစေမည် ဖြစ်သည်။ Long Feiye ၏ သင်္ဘောမှာ သင်္ဘောကျင်းသို့ အနောက်တောင်ဘက်မှ ချဉ်းကပ်လာစဉ် မြောက်ပိုင်းလီသင်္ဘောမှာ အနောက်မြောက်ပိုင်းမှာ ရွက်လွှင့်လာသည်။ သူတို့က သင်္ဘောကျင်းနှင့် ခန့်မှန်းချေအားဖြင့် အကွာအဝေး တူညီကာ တစ်ယောက်နှင့်တစ်ယောက် မြင်ရရန် ဝေးလွန်းနေသော်လည်း ရှေ့နှင့်နောက်ရှိ အမြောက်များ ပစ်ခတ်ရန်အတွက်တော့ ဝေးကွာနေခြင်း မရှိချေ။

နေရာမှာ ကန့်သတ်ချက်ရှိနေသောကြောင့် သူတို့၏ သင်္ဘောအား ပင်လယ်ပြင်တွင် လူရယ်စရာမဖြစ်လိုပဲ  နေရာအား လက်ဦးမှု ယူလိုကြသည်။ ဤပြိုင်ပွဲအား အနိုင်ရရန် အမြန်နှုန်းမှာ အဓိကဖြစ်သော်လည်း ထိုအကြံအစည်အား နှောင့်ယှက်နိုင်ရန် အချက်များစွာမှာ ပင်လယ်ပြင်တွင် ရှိနေသည်။ Long Feiye, Han Yunxi နှင့် စစ်သူကြီး Baili တို့မှာ သင်္ဘောဦးပိုင်းတွင် ရပ်နေပြီး အခြားသင်္ဘော၏ အရှိန်တင်လာမှုအား လေ့လာနေသည်။ ပင်လယ်တွင် သင်္ဘောများမှာ ရွက်လွှင့်ရန် လူအင်အားနှင့် လေ အား  မှီခိုရပြီး ရွက်များမှာ လေတိုက်နှုန်းကောင်းစေရန် အသုံးပြုကြခြင်း ဖြစ်သည်။ အမှန်ဆိုရလျှင် ကမ်းကပ်ချိန်တွင် ရွက်များချသင့်သော်လည်း ထိုတစ်စင်းမှာ ဆန့်ကျင်ဘက်အား ပြုလုပ်နေသည်။ သူတို့တွေက နောက်ကောက်ကျမှာကို အဲ့ဒီလောက် ကြောက်နေတာလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now