အခန်း(၂၈၄)

81 11 0
                                    

အခန်း(၂၈၄)

မဆုံးဖြတ်နိုင်ခင်။




အသေအချာပင် Long Feiye မှာ သံသယရှိနေသည်။

သူက Han Yunxi ၏ ပွင့်လင်းသော အပြုအမူနှင့် ပေါ့ပါးသော လေသံအား ကြားရလျှင် သံသယဝင်ရုံတင်မက ယခင်ထက်ပို၍ ရှုပ်ထွေးလာသည်။ ၎င်းမှာ ထိုအမျိုးသားမှာ ပထမဆုံးအကြိမ်အဖြစ် စိတ်တွင် လေးလံနေခြင်းအား Han Yunxi မှ မြင်ရခြင်း ဖြစ်သည်။ Han Yunxi မှာ ကျဆင်းသွားသည့် မင်းဆက်တစ်ဆက်အား ပြန်လည်အသက်သွင်းရန် စိတ်မဝင်စားသကဲ့သို့ ရည်ရွယ်ချက်လည်း မရှိပေ။ ထို့အပြင် Long Feiye မှာ Tianning ၏ ဧကရာဇ်ပင် မဟုတ်သေးချေ။ အကယ်၍ သူမက အမှန်တကယ်ပင် အနောက်ချင်၏ ကျန်ရစ်သူဖြစ်လျှင်လည်း သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်နိုင်ပေ။ သူမက အင်အား အရင်းအမြစ်ပင် ဖြစ်ကောင်းဖြစ်လာနိုင်သည်။

Long Feiye မှာ ထိုကဲ့သို့ ကိစ္စများအား စိတ်ဝင်စားလိမ့်မည်ဟု သူမက ထင်မှတ်လိုက်သော်လည်း သူက ပြောလာသည်မှာ “သူက တကယ်ပဲ အဆိပ်သားရဲကို ရည်ရွယ်နေတာလည်း ဖြစ်နိုင်တယ်။"

“ကျွန်မက အဲ့ဒီလို မထင်မိဘူး။" Han Yunxi မှာ အလေးအနက် တုံ့ပြန်လိုက်သည်။

သို့တိုင် Long Feiye မှာ ထိုခေါင်းစဉ်အား ဆက်လက် ပြောလိုခြင်း ရှိဟန်မတူပေ။ ထိုအစား သူက အခြားကိစ္စများသို့ ပြောင်းလဲလိုက်သည်။ “မင်းဒီကို ဘာလာလုပ်တာလဲ။"

သူမက အသေးလေးအား အစာကျွေးရန် ဤနေရာသို့ လာရောက်ခဲ့သော်လည်း စိတ်ကူးလိပ်ပြာအိပ်မက်အတွက်လည်း ပါဝင်နေသည်။ “ကျွန်မ အပင်တစ်ချို့ကို ရှာဖို့။"  Han Yunxi မှာ ဖြေလိုက်သည်။

“မင်း ရှာတွေ့ပြီလား။" Long Feiye မှ မေးမြန်းလိုက်သည်။

“အင်း.” Han Yunxi မှာ ခေါင်းငြိမ့်လိုက်သည်။ သူတို့၏ အငြင်းပွားမှုမှာ မူလတည်းက မရှိခဲ့သလိုပင်။ နှစ်ယောက်ကြားမှာ သဘာဝကျစွာပင် စကားစမြည် ပြောနေပြီးနောက် သတိမမူမိပဲ တိတ်ဆိတ်သွားကြပြန်သည်။ အချိန်အတော်ကြာပြီးနောက် Han Yunxi မှာ အရင်စကားပြောလိုက်သည်။ “အဒေါ်ရူက..”

ဖုံးကွယ်ထားမည့်အစား Long Feiye မှာ တုံ့ပြန်လာသည်။ “အမေ့ရဲ့ ညီမ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now