အခန်း(၃၀၉)

87 17 0
                                    

အခန်း(၃၀၉)

မယ်တော်ကြီး၏ မွေးနေ့စားပွဲ (၃)







ဤကဲ့သို့ ကြီးကျယ်သော စားပွဲတွင် ကျော်ကြားကာ အဆုံးအဖြတ်ပေးနိုင်သူ များစွာ ရှိနေသော်လည်း ယခုမတ်တပ်ရပ်လိုက်သူမှာ ထူးခြားကာ ခြွင်းချက်ဖြစ်သည်။ ထျန်းနင်တွင် မြင့်မြတ်သူများမှာ နိုင်ငံရေးတွင် စွက်ဖက်ခြင်း မရှိသကဲ့သို့ နိုင်ငံရေးတွင် တက်ကြွသူများမှာလည်း မြင့်မြတ်သူများထဲမှ မဟုတ်ကြပေ။ သို့တိုင် ထိုပုံရိပ်မှာ ကျော်ကြားသည့် မြင့်မြတ်သူတစ်ယောက်ဖြစ်ရုံသာမက အရေးပါသော ရာထူးအား ပိုင်ဆိုင်ထားသည့် စစ်သူကြီးတစ်ယောက်ဖြစ်သည်။

သူ၏ နာမည်မှာ Baili Yuanlong ဖြစ်ပြီး ထျန်းနင် Bailiမျိုးနွယ်၏ အစိတ်အပိုင်းဖြစ်ကာ မြို့တော်တွင် ရှေးအကျဆုံးသောမျိုးနွယ်ဖြစ်သည်။ သူက အသက်ငါးဆယ်အရွယ် နီးကပ်လာပြီ ဖြစ်သော်လည်း ထျန်းနင်၏ ရေတပ်အား အမိန့်ပေးနေသော မဟာစစ်သူကြီးဖြစ်နေသည်။

ထျန်းနင်တွင် ခြေလျင်တပ်၊ မြင်းတပ် နှင့် ရေတပ်အား ထိန်းချုပ်ထားသည့် စစ်သူကြီး သုံးဦးရှိနေသည်။ စစ်သူကြီးမူမှာ ခြေလျင်တပ်အား ကွပ်ကဲကာ ထျန်းနင်၏ စစ်အင်အား တောင့်တင်းစေသည်။ ထိုစဉ် Baili Yuanlong မှာ အထူးခြားဆုံးဖြစ်သည့် ရေတပ်အား ဦးဆောင်နေသည်။ စစ်သူကြီးMu နှင့် စစ်သူကြီး Baili တို့မှာ မြို့တော်တွင် အိမ်များရှိထားသည်။ ထိုစဉ် မြင်းတပ်မဟာစစ်သူကြီးမှာ နယ်စပ်မှ သုံးလမ်းသွားစစ်မြေပြင်အား စောင့်ကြပ်ကာ နှစ်ပေါင်းများစွာ ကုန်ဆုံးနေသည်။ သူက ဤတစ်ကြိမ်တွင် ပြန်မလာခဲ့ပေ။

တိမ်တိုက်ကုန်းမြေကြီးတွင် ထျန်းနင်တစ်ပြည်တည်းသာ ရေတပ်ရှိနေသောကြောင့် ရေတပ်မှာ အထူးခြားဆုံးဖြစ်သည်ဟု ယူဆနိုင်သည်။ မြောက်ပိုင်းလီနှင့် အနောက်ကျိုးတို့တွင် ရေတပ်ရှိမနေပေ။ ထို့အပြင် ထျန်းနင်ရေတပ်မှာ စစ်သူကြီးBaili မှ ငယ်ရွယ်စဉ်တွင် သာမာန်စစ်တပ်မှ သူ၏လက်ဖြင့် ကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စစ်သူကြီးMuနှင့် ကွဲပြားစွာ သူ၏ ကျော်ကြားမှုမှာ အမြတ်ထုတ်တတ်မှုမှ လာခြင်းမဟုတ်ပဲ ရေတပ်မှ ဖြစ်သည်။ ယခင်က သူတို့က မည်သည့်အချိန်ကမှ တိုက်ပွဲဆင်နွှဲခြင်း မရှိခဲ့သော်လည်း နှစ်စဉ် မြို့တော်မှာ စစ်သားစရိတ်နှင့် ရိက္ခာ အမြင့်ဆုံးရရှိဆဲဖြစ်သည်။ ရေတပ်မှာ မြောက်ပိုင်းလီအား တုံ့ပြန်ရန်နည်းလမ်းကောင်းဖြစ်သောကြောင့် ဧကရာဇ်ဟောင်းမှာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြည်ထဲရေးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ သိရှိထားသဖြင့် ထိုအချက်အား မည်သူမှ ကန့်ကွက်ခြင်း မပြုခဲ့ပေ။ ထျန်းနင်နှင့် မြောက်ပိုင်းလီမှာ အရှေ့ဘက်နယ်စပ်တွင် မပြီးဆုံးနိုင်သော ကမ်းရိုးတန်းဖြင် ထိစပ်နေသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာလျှင် ထျန်းနင်မှာ အသေအချာပင် တိုက်ပွဲတွင်း၌ မြောက်ပိုင်းလီ အရှေ့ဘက်ကမ်းရိုးတန်းအား သက်ညှာမည် မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now