အခန်း(၃၉၄)

55 12 0
                                    

အခန်း(၃၉၄)

သူကပဲ အနိုင်ကျင့်လို့ရမယ်။








Mu Linger မှာ ပွင့်လင်းကာ စိတ်ဓါတ်ပြင်းထန်သော မိန်းကလေးဖြစ်သော်လည်း Gu Qishao ၏ ရှေ့တွင် အမြဲတစေ အငိုသန်လေး ဖြစ်လာခဲ့သည်။ သို့တိုင် သူမက လူများအား မျက်ရည်ခံထိုးတတ်ကာ ဒုက္ခပေးတတ်သော မိန်းကလေးငယ်လေးတစ်ယောက်မဟုတ်ပေ။ သူမက ပြီးဆုံးသွားသည်နှင့် အလွယ်တကူ ပြုံးပြနိုင်သူ ဖြစ်သည်။ သူမက လျင်မြန်စွာဖြင့် Gu Qishao ၏ လက်မောင်းအား ဆွဲကာ သူက နောက်တစ်ကြိမ် ထွက်ပြေးသွားမည်အား ထိတ်လန့်နေဟန်တူသည်။ “ချီကိုကို ရှင်က ကျွန်မကို လာရှာမယ်ဆိုတာ  သိသားပဲ။”

Gu Qishao မှာ သူမက စိုရွဲနေသည်အား သဘောမကျပေ။ သူက သူမအား ဘေးသို့ တွန်းချင်နေသော်လည်း Mu Linger မှာ တင်းကျပ်စွာ ဆုတ်ကိုင်ထားသည်။ ထိုအစား သူက သူမအား စူးစိုက်ကြည့်လိုက်လျှင် သူမက ရန်စဟန်ဖြင့် မျက်ခုံးပင့်ပြကာ လွှတ်ပေးရန် ဆန္ဒမရှိချေ။

“ဟီးဟီးဟီး တကယ်လို့ ငါက အဲ့ဒီပစ္စည်းနှစ်ခုကို ကိုယ်တိုင် ရှာလို့ မတွေ့ရင် ကျိန်းသေ မင်းကို လာရှာမှာပေါ့။” Gu Qishao မှာ အေးစက်စွာ ပြုံးလိုက်သည်။

Mu Linger မှာ ထိုစကားများကြောင့် နာကျည်းစွာ လွှတ်ပေးလိုက်တော့သည်။ ချီကိုကိုက ဆေးပစ္စည်းတွေကို လာရှာတာ.. ငါ့ကို မဟုတ်ဘူး။ သူမက ၎င်းအား ကောင်းမွန်စွာ သိထားသည်။ သူမက ထောင်လွှားကာ မသိနားမလည်ဟန် ပြုမူတတ်သော်လည်း သူ့အား မည်သူမဆိုထက်ပို၍ ရှင်းလင်းစွာ ထွင်းဖောက်မြင်နိုင်သူ ဖြစ်သည်။ သူမက သူ့အား သိလာသည့်တစ်လျှောက် သူက အကြောင်းအရင်း တစ်စုံတစ်ရာ မရှိပဲ သူမအား ရှာဖွေလာခြင်း မရှိခဲ့ချေ။

“တကယ်လို့ ကျွန်မက အဲ့ဒီပစ္စည်းနှစ်မျိုး ရှာမတွေ့ရင် ကျွန်မကို ခွင့်မလွှတ်တော့ဘူးလား။” Mu Linger မှာ အလေးအနက်ထား မေးလိုက်သည်။ အကယ်၍ သူက တောင်းဆိုသည့် ပစ္စည်းနှစ်ခုအား သူမက ခြေရာခံနိုင်လျှင် ကောင်းကင်တွင်းနက်မှ အဖြစ်အပျက်အတွက် သူမအား ခွင့်လွှတ်ပေးမည်ဟု ချီကိုကိုမှ ပြောခဲ့သည်။

Mu Linger မှာ ချိုသာနေစဉ် သို့မဟုတ် နှာခေါင်းရှုံ့ကာ မျက်ရည်များဖြင့် ပြည့်နေချိန်တွင် Gu Qishao မှာ လက်ခံနိုင်သော်လည်း သူမက အလေးအနက် ဖြစ်လာချိန်တွင် ကူကယ်ရာမဲ့သွားတော့သည်။ “လာ…လာ.. အရင်မိုးခိုရအောင်ပါ။ ငါက မင်းရဲ့ ဆွေးနွေးစရာတစ်ခုရှိနေတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now