အခန်း(၂၅၀)

83 15 0
                                    

အခန်း(၂၅၀)

အရိပ်မျိုးနွယ်မှ ကာကွယ်မှု။





Mu Linger မှ လွဲ၍ ရှိနေသည့်လူများမှာ ထိုအသံအား သတိပြုမိကြသော်လည်း ထိုအသံပိုင်ရှင်မှာလည်း ကောင်းကင်တွင်းနက်ထဲသို့ ရောက်နေမည်ဟု မည်သူမှ မထင်မှတ်ထားပေ။ Gu Qishao ၏ မျက်လုံးများမှာ တောက်ပသွားပြီး အမှောင်ထဲရှိ လမ်းကြောင်းအား ကြည့်လိုက်သည်။ မယုံကြည့်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ “အဆိပ်ကောင်မလေးလည်း ရောက်လာတယ်။"

အဆိပ်သားရဲအား ဖမ်းဆီးရန် ရာနှင့် ချီသော အဆိပ်နှင့် ထောက်ချောက်များအား ကျော်ဖြတ်နိုင်ရန် မလွယ်ကူပေ။  နောက်ဆုံးထောင်ချောက်မှာ အန္တရယ်အများဆုံးဖြစ်လေသည်။ သို့ကြောင့် သူက Han Yunxi အား အတူမခေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုကောင်မလေးက ကိုယ်ခံပညာမတတ်ပဲ ဘယ်သူနဲ့ လာတာလဲ။ ထိုသို့တွေးလိုက်လျှင် Gu Qishao မှာ မထိန်းချုပ်နိုင်ပဲ သူ၏ ခြေထောက်အောက်အား ကြည့်လိုက်သည်။ Long Feiye နှင့် Tang Li မှာ အောက်တွင် ပိတ်ထားခံရဆဲဖြစ်ကာ ဒီမိတ်ဆွေမရှိ မိသားစုမရှိတဲ့ Han Yunxi က ဆေးမြို့တော်မှာ သူမကို ကူညီပေးနိုင်မယ့် သူကို ဘယ်လိုရှာနိုင်မှာလဲ။

Mu Linger မှာ အဆိပ်ကောင်မလေး ဟူသော စကားအား ကြားလိုက်လျှင် သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများမှာ မကျေမနပ်ဖြင့် တွန့်သွားသည်။ ကံမကောင်းစွာဖြင့် ၎င်းအား မည်သူမှ အာရုံမစိုက်ပေ။ မကြာခင်ပင် Han Yunxi မှာ အမှောင်ထဲမှ ထွက်လာသည်။ သူမနောက်မှ မျက်နှာတွင် မျက်နှာဖုံးပုဝါအား ဝတ်ဆင်ထားသည့် အဖြူဝတ်အမျိုးသားတစ်ယောက် လိုက်လာသည်။ Han Yunxi ၏ ခြေလှမ်းများမှာ တည်ငြိမ်လှသလို အဖြူဝတ်အမျိုးသား၏ ခြေလှမ်းများမှာလည်း ပေါ့ပါးကာ အလျင်မလိုပေ။ သူက ဧပြီလေညှင်းကဲ့သို့ နွေးထွေး သိမ်မွေ့သော အငွေ့အသက်များ ရှိလေသည်။ သူက Han Yunxi အား ပြန်ပေးဆွဲလာသည်ဟု မည်သူမှ ထင်မှတ်သွားမည် မဟုတ်ပဲ သူမ၏ သက်တော်စောင့်ဟုပင် ယူဆနိုင်သည်။ အမှန်တွင် Han Yunxi မှာ အဖြူဝတ်အမျိုးသား၏ နောက်မှသာ တစ်လမ်းလုံးလိုက်လာရပြီး သူမက မည်သည့်ဒုက္ခ မှမတွေ့ ခဲ့ရပေ။ သူတို့၏ ခရီးတစ်လျှောက်လုံးမှာ အလွန်အမင်း ချောမွေ့လှသည်။ သူမ၏ အဆိပ်ဖြေစနစ်မှ များပြားလှသော အဆိပ်အရင်းအမြစ်များအား ခံစားမိချိန်တွင် ထိုအဖြူဝတ်လူကြီးလူကောင်းမှာ သူမအား အခြားလမ်းတစ်ခုမှ ခေါ်လာပေးသည်။ ထိုအဆိပ်အများစုမှာ အဆိပ်ဖြေစနစ်တွင် မှတ်တမ်းများသာ ရှိသော ရှေးအဆိပ်များဖြစ်ပြီး နမူနာ မရှိပေ။ သူမက သွားကြည့်ချင်ဟု ပြောလိုက်မိသည်။ အဖြူဝတ်အမျိုးသားမှာ အမှန်တကယ် သဘောတူလိုက်သည်နှင့် သူမက ယဉ်ကျေးမှုများအား ဖယ်ရှားကာ ရောက်လာခြင်းဖြစ်သည်။ သူမတွေ့လိုက်ရတဲ့ ပထမဆုံးအရာက Gu Qishao ကို အဲ့ဒီနှစ်ယောက်က ခြိမ်းခြောက်နေတဲ့ မြင်ကွင်းဆိုတာ ဘယ်သူထင်မှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now