အခန်း (၂၉၇)

85 18 0
                                    

အခန်း (၂၉၇)

အထိတ်တလန့်။ လူပျောက်သွားပြီ။





Long Feiye မှာ Han Yunxi အား ထျန်းနင်သို့ ပြန်လည် ခေါ်ဆောင်သွားရာတွင် မည်သည့်ပကာသနမှ ရှိမနေပေ။ သူတို့၏ ခရီးစဉ်တွင် အစောင့်အကြပ်များလည်း မရှိပဲ နှစ်ယောက်သား မြင်းတစ်စီးတည်းဖြင့် စီးလာသည်။ ဆောင်းလေ တိုက်ခတ်လာပြီ ဖြစ်သဖြင့် ရာသီဥတုမှာ အေးလာသည်။ မြင်းပေါ်တွင် Long Feiye မှာ သူ၏ ဝတ်ရုံအား Han Yunxi ၏ ပုခုံးမှ လွှမ်းထားပေးပြီးနောက် ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ ထိုရေခဲတမျှ အေးစက်လှသော အမျိုးသား၏ ပွေ့ဖက်မှုမှာ မည်မျှ နွေးထွေးကြောင်း သိနိုင်သည့် အမျိုးသမီးမှာ Han Yunxi တစ်ယောက် ရှိလိမ့်မည်။

သူက ကောင်းကင်အား တုန်လှုပ်စေအောင် ချောမောကာ မြင့်မြတ် သန့်စင်သည်။ သူမက မြို့များအား ပြိုလဲသွားစေနိုင်သည်အထိ လှပကာ ထူးကဲသော ​အငွေ့အသက်များ ရှိနေသည်။ နှစ်ယောက်မှာ လမ်းကြားထဲမှ လမ်းမကြီးပေါ်သို့ ထွက်လာသည်နှင့် လူအများ၏ အာရုံအား ဆွဲဆောင်လိုက်တော့သည်။ မကြာခင်ပင် လူများစွာမှာ ဆုကြေးပိုစတာများမှ Han Yunxi အား သတိပြုမိသွားပြီး စတင်၍ ထက်သန်စွာ ကြည့်ရှုလာကြသည်။ လူများမှာ စုံတွဲအား တဖြည်းဖြည်းနှင့် ပို၍ စိတ်ဝင်တစား ရှိလာကြရာ ဆေးဝါးမြို့တော်ရှိ လူအားလုံးမှာ သူတို့အား နှုတ်ဆက်ရန် ထွက်လာသကဲ့သို့ပင်။

လှုပ်လှုပ်ရှားရှားဖြစ်နေသည့် လူအုပ်ထဲတွင် သူတို့အား လေးစားအားကျစွာ ကြည့်နေသူများ၊ မနာလိုမှုအား ခံစားလိုက်ရသူများနှင့် နှစ်သက်သဘောကျသူများ ရှိနေသည်။ အမျိုးသမီးအများစု၏ အကြည့်များမှာ Long Feiye ထံတွင် နားခိုနေပြီး မြင်းခွာတစ်ချက်စာပင် လွတ်သွားမည်အား စိုးရွံ့စွာ နောက်မှ လိုက်လာကြစဉ် အခြားသူအများအပြားမှာ Han Yunxi အား စူးစမ်းကာ ကြည့်နေပြီး အချင်းချင်း မှတ်ချက်ပေးနေကြသည်။ သို့တိုင် သူတို့၏ လမ်းအား မည်သူမှ မပိတ်ဝံ့ကြချေ။ Han Yunxi မှာ အမြဲတစေ သူမ၏ ကိုယ်ပိုင်နည်းလမ်းများအား ဖက်တွယ်ထားကာ အခြားသူများ၏ အထင်အမြင်အား လျစ်လျူရှုထားနိုင်သူ ဖြစ်သည်။ သူမက အမျိုးမျိုးသော လူအုပ်အားလည်း တွေ့ကြုံရဖူးပြီ ဖြစ်သော်လည်း ယခုအချိန်တွင် အနည်းငယ် မသက်မသာ ခံစားနေရသည်။ သူမက ကြောက်ရွံ့ စိတ်လှုပ်ရှားနေခြင်း မရှိသော်လည်း နိမ့်ချကာသာ နေလိုသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now