အခန်း(၂၇၇)

85 15 0
                                    

အခန်း(၂၇၇)

ငါမင်းရဲ့ အရှေ့က လျှောက်မယ်။





အဒေါ်ရူ၏ လက်နက်များမှာ သူမရောက်လာသည်နှင့် တပြိုက်နက် ရောက်လာသည်။

ဓါးမြှောင် ငါးချောင်းမှာ သူတို့၏ ကျောဘက်မှ ပျံသန်းလာပြီး ရှေ့ရှိ သစ်ပင် ပင်စည်တွင် နစ်မြှုပ်သွားတော့သည်။ Han Yunxi မှာ သတိလက်လွတ် ကြည့်လိုက်သော်လည်း သစ်ပင်တွင် နစ်မြှုပ်သွားသည့် လက်နက်များမှာ အမှန်တကယ်ပင် ပြန်ကန်သွားပြီးနောက် သူမ မျက်နှာသို့ ဦးတည်လာတော့သည်။ Long Feiye မှာ ၎င်းအား မျှော်လင့်ထားပြီး ဖြစ်သော်လည်း ထိုကဲ့ လျင်မြန်သည့် အရှိန်ဖြင့် ရောက်လာမည်ဟု မထင်မှတ်ထားပေ။ သူက ရှောင်တိမ်းရန် အချိန်မရတော့သောကြောင့် ချက်ချင်းပင် လက်မြောက်ကာ Han Yunxi အတွက် လက်နက်အား တားဆီးလိုက်သည်။

ဓါးသွားများမှာ ချက်ချင်းပင် သူ၏ အသားထဲသို့ နစ်ဝင်သွားသည်။ သစ်ပင်မှ ပြန်ထွက်လာသည်နှင့် မတူပဲ ဤတစ်ကြိမ်တွင် သူ၏ အသားထဲသို့ အပြည့်အဝ နစ်ဝင်သွားသည်။ ပြန်ကန်လာသည့် လက်နက်ကပင် ဤမျှ အင်အားကြီးလှသည်။ ဘယ်လောက်တောင် ရက်စက်လိုက်လဲ!!!

နာကျင်မှုက ဆိုးရွားလွန်းလှမည်။

Han Yunxi မှာ မျက်ခုံးကျုံ့သွားသော်လည်း Long Feiye ၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက တွေဝေနေခြင်းအား ရပ်တန့်လိုက်ပြီး ထူထပ်သော တောအုပ်ထဲသို့ တည့်မတ်စွာ ဝင်ရောက်သွားတော့သည်။ သို့တိုင် သူက ဝင်ရောက်သွားသည်နှင့် အဒေါ်ရူမှာ အော်လိုက်သည်။ “Ye’er ထွက်ခဲ့။"

သူမက ဤနှစ်များအတွင်း ကြာပွင့်တောင်တန်း၏ အဓိက တောင်ထွဋ်တွင် လျှို့ဝှက်စွာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ထိုတောအုပ်ထဲသို့ မဝင်ရောက်ဝံ့ခဲ့ပေ။ သူမက Ye’er မှ လာရောက်မည်ဟူသော သတင်းသာမရခဲ့လျှင် ဤကဲ့သို့ အချိန်မျိုးတွင် လာရောက်မည်လည်း မဟုတ်ပေ။ ဤတောအုပ်မှာ ဝင်္ကပါကဲ့သို့ပင်။ အကယ်၍ လူတစ်ယောက်မှ ဝင်သွားပြီး ညမှောင်လာချိန်တွင် ပြန်ထွက်မလာနိုင်လျှင် သူတို့က ညဘက်တွင် အစာစားရန် ထွက်လာကြသည့် သတ္တဝါအုပ်ကြီးများ၏ စားသောက်ခြင်းအား အသက်ရှင်လျက် ခံရနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now