အခန်း(၂၉၉)

81 17 0
                                    

အခန်း(၂၉၉)

ရတနာနှစ်ခုလုံး လိုချင်တယ်။




Han Yunxi မှာ ထိုနေ့က Gu Qishao နှင့် အတူ မူအိမ်တော်သို့ သွားခဲ့ချိန်တွင် သူ့အား မေးခွန်းများ မေးမြန်းရန် အခွင့်အရေး မရခဲ့ပေ။ Gu Qishao ၏ သိရှိထားမှုများမှာ Mu Linger ထံမှ သိရခြင်းဖြစ်သဖြင့် ယနေ့ သူမအား မေးမြန်းခြင်းမှာ ပို၍ တိကျနိုင်သည်။

“ငါက Mu Xin ကို ရှာချင်တယ်။ ဒါကြောင့် Gu Qishao က ဆွံ့အအဘွားဆီ ခေါ်သွားပေးခဲ့တာပဲ။" Han Yunxi မှာ ဝန်ခံလိုက်သည်။ သူမက သခင်မ Tianxin ​​အကြောင်းအား မပြောလိုသဖြင့် ၎င်းမှာ သူမက ပြောနိုင်သမျှ ဖြစ်သည်။

“နင်က Mu Xin ကို ဘာလို့ ရှာချင်တာလဲ။” Mu Linger ၏ အမူအရာမှာ သတိထားသကဲ့သို့ ဖြစ်သွားပြီး တိတ်တဆိတ် ထိတ်လန့်သွားသည်။ ချီကိုကိုက ဘာလို့ မူမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်ကို အပြင်လူတစ်ယောက်ဆီ ပြောနိုင်ရတာလဲ။ သူက မပြောဘူးလို့ ပြောထားခဲ့ပြီးတော့..

“Mu Xinက မင်းအဒေါ် ဟုတ်တယ်မလား။ မင်း သူ့ကို အရင်က မြင်ဘူးလား။" Han Yunxi မှာ မေးမြန်းလိုက်သည်။

“နင်က Mu Xin ကို ဘာလို့ ရှာနေချင်တာလဲ။" Mu Linger မှာ အလွန် သိချင်စိတ် ပြင်းပြသော သဘာဝရှိသူ ဖြစ်သည်။ အတိတ်တွင် လူများစွာမှာ Mu Xin နှင့် အဆိပ်ဂိုဏ်း၏ ဆက်ဆံရေးမှာ ကောလဟာလများထက် မပိုဟု ယုံကြည်ခဲ့ကြသည်။ ​အကြောင်းမှာ သက်သေမရှိသောကြောင့် ဆေးပညာသင်တန်းကျောင်းမှာ ထိုကိစ္စအား စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ပေ။

“ဆွံ့အအဘွားက ငါ့လက်ထဲမှာ ရှိတယ်။ ဒါကြောင့် မင်းက ကောင်းကောင်းမွန်မွန် ဖြေပေးဖို့ ငါက မေးရလိမ့်မယ်။” Han Yunxi မှာ အပြုံးဖြင့် ခြိမ်းခြောက်လိုက်သည်။

“နင်…” Mu Linger မှာ ထိတ်လန့်သွားသည်။

Han Yunxi မှာ ဗုံလေးအား ထုတ်ကာ Mu Linger ၏ ရှေ့တွင် အကြိမ်အနည်းငယ် ဝှေ့ယမ်းပြလိုက်လျှင် သူမက ချက်ချင်းပင် ယုံကြည်သွားတော့သည်။ “Han Yunxi နင်လွန်မလာနဲ့။ သူမက အပြစ်မဲ့တဲ့ အဘွားအိုတစ်ယောက်ပဲ။ သူမရဲ့ ကံတရားက လုံလောက်အောင် ဆိုးရွားခဲ့ပြီးပြီ။"

“ဒါကြောင့် မင်းက ငါမေးတာကို မြန်မြန် ဖြေပေးသင့်တယ်။” Han Yunxi မှာ ပြုံးနေလိုက်သည်။။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Tempat cerita menjadi hidup. Temukan sekarang