အခန်း(၃၃၀)

77 16 0
                                    

အခန်း(၃၃၀)

ကျေနပ်ပြီး အထိန်းအကွပ်မဲ့နေဆဲ။





အခု Han Yunxi နဲ့ Long Feiye က ဘာလုပ်နေမလဲ။

Long Feiye မှာ နေ့လည်စာ စားရန် Han Yunxi အား ချင်ဝမ်အိမ်တော်သို့ ခေါ်သွားခြင်း မပြုပဲ လက်ဖက်ရည်နှင့် အချိုမုန့်များအား မြည်းစမ်းရန်  နာမည်ကျော် လက်ဖက်ရည်အိမ်သို့ ခေါ်ဆောင်သွားသည်။ လက်ဖက်ရည်အိမ်၏ ဒုတိယထပ်မှာ နာမည်ကျော် ဇာတ်လမ်းပြောသူများအတွက် နေရာဖြစ်သည်။ Long Feiye နှင့် Han Yunxi တို့မှာ ကျန်နေရာများအား ကန့်လန့်ကာများဖြင့် ပိုင်းခြားထားသော ပြတင်းပေါက်ဘေးရှိ အခန်းတွင် နေရာယူလိုက်သည်။ ဤသို့ဖြင့် သူတို့က တသီးတသန့်ဖြင့် ဇာတ်လမ်းနားထောင်နိုင်မည် ဖြစ်သည်။

Long Feiye မှာ လက်ဖက်ရည် နှစ်ခြိုက်သူ ဖြစ်ကြောင်း Han Yunxi မှာ သိနေသည်။ ၎င်းမှာ သူမက သိထားသည့် သူ၏ တစ်ခုတည်းသော ဝါသနာဖြစ်နိုင်သည်။ သူက လက်ဖက်ရည်ကြမ်းတစ်အိုးအား မှာလိုက်ပြီး အချိုမုန့်စာရင်းအား Han Yunxi ထံ ကမ်းပေးလိုက်သည်။

ဒီကောင် …ဒီနေ့ ဘာမှ လုပ်စရာမရှိဘူးလား။ သူက တကယ်ပဲ ငါ့ကို လက်ဖက်ရည်သောက်ဖို့ ခေါ်လာပေးဖို့ အချိန်ရှိနေတယ်..

မည်သို့ပင်ဖြစ်စေ Han Yunxi မှာ အလွန်ပျော်ရွှင်နေသည်။ သူမက စာရင်းအား ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။ “ဝမ်ရယ် ဘာစားချင်လဲ။"

“မင်း ဆုံးဖြတ်နိုင်တယ်။"  Long Feiye အတွက် သူ၏ တစ်ခုတည်းသော လိုအပ်ချက်မှာ လက်ဖက်ရည်ပင်။

Han Yunxi မှာ သူမနှစ်ခြိုက်သည်အချို့အား ရွေးချယ်ပြီးနောက် မေးလိုက်ပြန်သည်။ “ဝမ်ရယ် အချိုမုန့်စားချင်လား။"

“မင်း ရွေးလို့ရတယ်။ ရှေ့လျှောက် ကိုယ့်ကို မေးစရာမလိုဘူး။"

ရှေ့လျှောက်…. သူက ရှေ့လျှောက် ငါ့ကို လက်ဖက်ရည်သောက်ဖို့ ခေါ်လာပေးဦးမှာလား။

Han Yunxi ၏ စိတ်အခြေအနေမှာ ကောင်းကင်အထိ တက်သွားတော့သည်။ သူမက ဆာလောင်နေသောကြောင့် စားပွဲအပြည့် အချိုမုန့်များမှာ လိုက်သည်။ သူမက အချိုကြိုက်သောကြောင့် အများစုမှာ သကြားပါသော မုန့်များပင်။ “ဝမ်ရယ်…. ကျွန်မကို ကိစ္စတစ်ခုခုရှိလို့များ ရှာတာလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now