အခန်း(၂၀၃)

93 12 0
                                    

အခန်း(၂၀၃)

အဆုံးမှာတော့ ကြင်ယာတော်ကြီးYi က သူမကို မွေးခဲ့တာ မဟုတ်သေးဘူး။





Han Yunxi  မှာ Long Feiye  အား မတောင်းဆိုမိခဲ့ခြင်းအား ဝမ်းသာသွားသည်။ သူမ၏ မျက်နှာမှာ တန်ကြေးမရှိသော်လည်း သူမက ပြန်ရွေးရန်တော့ လိုဦးပေမည်။ သူမက အဆိပ်လူသားများအား သတ်နိုင်သည့်အချိန်မှစ၍ Long Feiye မှာ သူမ၏ စွမ်းရည်များအား မြှင့်တင်ရန် ရည်ရွယ်ချက်ရှိနေသည်။ သူမက သူ၏ ညှိနှိုင်းမှုအား ပျော်ရွှင်စွာ သဘောတူလိုက်တော့သည်။ ---- နောက်တစ်ကြိမ် သူတို့ ကိစ္စတွေ ဖြေရှင်းရန် သွားချိန်တွင် သူမက သူ့အား ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် ဖြစ်သည်။

နာမည်သာ အတူတကွ ရှိသော ခင်ပွန်းနှင့် ဇနီးမှာ အမှန်တွင်မူ ကြာရှည်မတည်မြဲနိုင်ပေ။ သူမက နှစ်သက်ခံရတယ်ဆိုတဲ့ ကောလဟာ​လတွေက များပြားလာတော့ကော ဘာဖြစ်လဲ။ အပြင်လူတွေကို ဘေးဖယ်ထားလိုက်ရင်တောင် သူမဘေးက Zhaoမားမားလို လူမျိုးတောင် အမှန်တရားကို သိချင်နေတယ်။ သားသမီး၊ နာမည်ဂုဏ်သတင်းနဲ့ အာဏာရှိနေတဲ့ မြင့်မြတ်တယ်ဆိုတဲ့ ဇနီးတွေတောင် သူတို့ရဲ့ အဆင့်အတန်းနေရာအတွက် ကျောထောက်နောက်ခံတွေနဲ့ ရုန်းကန်နေကြရတယ်။ သူတို့ထဲက တစ်ယောက်မှ သူမနဲ့ မတူဘူး။ သူမရဲ့ အနေခက်ရတဲ့ အဆင့်အတန်းက ချင်ဝမ်အိမ်တော်မှာတော့ သူမကို ထောက်ပံ့ပေးနိုင်ပေမယ့်  Tianning တော်ဝင်မိသားစုထဲက သူမနေရာအတွက်ကော ဘယ်လိုဖြစ်နိင်မှာလဲ။

သူမက ချင်ဝမ်အိမ်တော်ကို ရောက်လာတဲ့ ဒုတိယနေ့မှာ ပဲ သူမကိုယ်သူမ ပြောခဲ့တယ်။ :: သူမရဲ့ ကံတရားကို ဖယ်ရှားလို့မှ မရမှတော့ သူမက သူမရဲ့အကြီးဆုံးအာဏာရှင် Long Feiye ကို ခိုင်မြဲစွာ ဆုတ်ကိုင်ထားရမယ်။ --- အမျိုးသားတစ်ယောက်ကို အနိုင်ယူနိုင်ဖို့ အကောင်းဆုံး နည်းလမ်းက သူ့ရဲ့ အစာအိမ်ပဲ---- အဲ့ဒီလို စကားမျိုးက အရှင်းကြီးကို အဓိပ္ပါယ်မရှိတာတွေပဲ။

အမှန်တကယ်တော့ အမျိုးသားတစ်ယောက်ကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းက သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ တစ်ဖက်လူကို အနိုင်ယူဖို့ ရောက်လာပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now